Chapter - 16.5 [Zawgyi]

2.2K 121 2
                                    

နားမလည်နိုင်လောက်အောင် မွန်းကြပ်တဲ့ ခံစားချက်တစ်ခု ရှိနေခဲ့ပြီး သူသည်လည်းတောင့်တင်းသွားခဲ့ကာ မလှုပ်ရှားရဲခဲ့ပါဘူး။ သူ့လက်တွေထဲမှ လူကို ငုံ့ကြည့်လိုက်တော့ သူမက အိပ်ပျော်နေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။

အခြေအနေတစ်ခုလုံးဟာ ရယ်စရာကောင်းနေသည်ကို သူသိသွားခဲ့ပြီး သူထိန်းမထားနိုင်တော့ ရုတ်တရက်ရယ်ချင်လာခဲ့သည်။ သူ့လက်ချောင်းတွေနဲ့ နားထင်ကိုဖိညစ်ကာ ရယ်ချင်နေတာတွေကို ပြန်ထိုးထည့်လိုက်ရသည်။

သူမက အိပ်ပျော်နေတဲ့အချိန်မှာတော့ တကယ်ကို အကျင့်စာရိတ္တကောင်းမွန်ပါသည် အရင်အချိန်က တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်တွေ့ကြတိုင်းတုန်းကလို သူမသူ့အပေါ် ရန်ငြိုးရန်စတွေလည်း မရှိတော့ဘူး။ မှတ်ဉာဏ်တွေ ပျောက်မသွားခင် သူမစက်ဆုပ်ရွံရှာစွာဖြင့် ဒေါသတကြီးပြောခဲ့သည့် အခိုက်အတန့်အား တခဏတာ သတိရမိသွားခဲ့သည်..။

"နင်ငါ့ကိုမကွာရှင်းပေးချင်ဘူး ဟုတ်လား? ရတယ်လေ ဒါဆိုလည်း ငါနင့်ရဲ့တစ်မိသားစုလုံးကို ဖျက်ဆီးပစ်ပြမယ်!"

ထိုအချိန်မှာပဲ သူမဟာ ရက်စက်ရိုင်းစိုင်းတဲ့သူဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ပြခဲ့သည်။ ယခုမူ သူမက သူ့ရင်ခွင်ထဲတွင် အလွန်လိမ္မာရေးခြားရှိနေလေသည်။ အရင်ကလိုသာဆိုရင်တော့ ဒါကို သူဘယ်တော့မှ သိခဲ့ရမှာမဟုတ်ဘူး။ သို့သော်လည်း သူမနှင့် နီးကပ်စွာရှိနေရခြင်းမှာ ထူးဆန်းလို့နေပြီး ကြည်နူးစရာကောင်းသော ခံစားချက်ထဲ နှစ်မြှုပ်သွားခဲ့တဲ့အခိုက်မှာ သူ့ရင်ဘတ်မှ နာကျင်မှုကိုခံစားလိုက်ရသည်။ သူမက သူ့ရင်ဘတ်ကို ကိုက်နေသည်ကိုသိလိုက်ရတော့ သူမျက်မှောင်သာကြုတ်လိုက်မိသည်။

နည်းနည်းတော့နာပေမယ့် သူခံနိုင်ရည်ရှိပါတယ်။

ဒါပေမယ့် သူမ အချိန်အတော်ကြာအောင် မကိုက်ခဲ့ပါဘူး သူမပြန်လွှတ်ပေးလိုက်တဲ့အချိန်မှာပဲ ရေရွတ်သံတိုးတိုးကိုကြားလိုက်ရတယ်...

" ကြက်ခြေထောက်ကြီး "

ရီဇီယန်: "——"

ခုလောလောဆယ်မှာ သူ ရယ်ရမလား ငိုရမလား မသိတော့ပေ။ သူမက သူ့ရင်ဘတ်ကြီးက ကြက်ခြေထောက်ကြီးလို့ ထင်နေတာလား?

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now