Chapter - 51.2 [Uni+Zawgyi]

1K 118 1
                                    

Chapter - 51.2 {Extra 2}

"မင်းဖုန်းသွားပြန်မပေးချင်တော့ဘူးလား အစ်ကိုကြီး?"

" ဘာစောက်စကားမှ မပြောနဲ့။"

ထျန်းကုန်က ပါးစပ်ပိတ်သွားခဲ့ပြီး စကားထပ်မပြောရဲတော့ပေ။

ညဥ့်နက်နေပါပြီ၊ ဝူကျီ အိပ်ယာထဲတွင် လဲလျောင်းနေပြီး အချိန်အတော်ကြာ အိပ်မရဖြစ်နေလေသည်။ လက်တစ်ဖက်ကို ခေါင်းနောက်မှာထားပြီး မှိန်းဖျဖျဖြစ်နေတဲ့ မျက်နှာကျက်ကို စိုက်ကြည့်လိုက်တယ်။

ကျောင်းတုန်းက လူတစ်ယောက်က လင်ကျန်းကျန်း ကို ဘာကြောင့်ကြိုက်ရတာလဲလို့ မေးခဲ့သည်။ သူမခံမရပ်ဖြစ်ခဲ့ပေမဲ့ သူမအတွက် အရမ်းကြိုးစားတယ်။

တကယ်တော့ သူမကို ဘာကြောင့် သဘောကျတယ်ဆိုတာ သူမပြောနိုင်ပါဘူး။ သူသည် လွတ်လပ်မှုကို နှစ်သက်ပြီး ပုံစံတစ်ခုတည်းကို မလိုက်နာဘဲ အထိန်းအကွပ်မရှိသောပုံစံကိုကြိုက်သည်။ ဒါပေမယ့် သူမက လိမ္မာရေးခြားရှိတဲ့ မိန်းကလေးမျိုးပါ။ လိမ္မာသည့်မိန်းကလေးအားလုံးသည် သိပ်ကို ငြီးငွေ့စရာကောင်းသည်။ ချောမောလှပသော မျက်နှာမှလွဲ၍ သူ့ကို ဆွဲဆောင်နိုင်စရာ အကြောင်းတကယ့်ကိုမရှိပေ။

သူမက ပုံမှန်စတိုင် စည်းစနစ်ကျတဲ့ ပုံစံမျိုးဖြစ်ပေမယ့် သူမကိုသူ စောက်ရမ်းစွဲလန်းသွားခဲ့ပြီး သူမကို သူမျက်စိဒေါက်ထောက်လိုက်ကြည့်နေရတာကို သူသဘောကျခဲ့သည်။

သူမကို သူအရမ်းချစ်မိသွားကြောင်း သူသိသွားတဲ့အချိန် သူမက ချင်းပိုင်ယွမ်နှင့် အတူရှိနေပြီဖြစ်သည်။ သူ့ညီအကိုက နှောင့်ယှက်ပြီး သူမကို လုယူဖို့ ပြောခဲ့ပေမယ့် သူသဘောမတူခဲ့ဘူး။

သူက အမြဲတမ်း ပုန်ကန်တတ်သည့်စရိုက်သော်လည်း သူ၏ ချစ်ခြင်းမေတ္တာကို ဖော်ပြရာ၌ အလွန်တုံးအပြီး သူရဲဘောကြောင်သော နည်းလမ်းကို အသုံးပြုခဲ့သည်။

သူမကို တိတ်တဆိတ်သာ ကာကွယ်ပေးခဲ့တယ်။

သူမ၏အိမ်အနီးတွင် ထိုအရပ်ကလူရမ်းကားများနှင့် လူယုတ်မာများစွာ နေကြသည်ကို သိလိုက်ရသဖြင့် သူမအိမ်သို့ပြန်တိုင်း သူတိတ်တဆိတ် နောက်ကလိုက်တတ်ခဲ့သည်။  တစ်စုံတစ်ယောက်က သူမရဲ့ စကတ်အောက်ခြေကို လျှို့ဝှက်ဓာတ်ပုံရိုက်ခဲ့တယ်ဆိုတာ သိလိုက်ရတဲ့အတွက် သင်ခန်းစာတစ်ခု ပေးခဲ့ပါတယ်။ မိန်းကလေးတစ်ယောက်က သူမအား တိတ်တဆိတ်အနိုင်ကျင့်ခဲ့ကြောင်း သိလိုက်ရသဖြင့် သူမအား အနိုင်ပြန်ကျင့်ကာ ကူညီပေးခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now