Chapter - 24.1[Uni+Zawgyi]

4.3K 516 26
                                    

Chapter - 24.1

သူက သူမရဲ့နှုတ်ခမ်းတွေကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီး ရုတ်တရက် "မင်း သင်ယူပြီးပြီလား" လို့ အသံအက်ရှရှနဲ့ မေးလိုက်တယ်။

လင်ချင်းချင်း : "——"

ဒါဆို သူကနမ်းဖို့ သင်ပေးရုံပဲပေါ့။ သူမ စိတ်ပျက်သွားပြီး ဘယ်လိုဖြေရမှန်းတောင်မသိတော့ပေ။ သူမ ယောက်ျားတစ်ယောက်ကို ဘယ်တုန်းကမှ ဤမျှလောက် မနှစ်သက်ခဲ့ဖူးသလို အနမ်းဆိုတာကို ဤမျှလောက် မမျှော်လင့်ခဲ့ဘူးပေ။ သူမ အေးအေးဆေးဆေးပဲ ဖြေသင့်လားမသိပေမယ့် သူမပြောလိုက်သည်။ " အမ်း ကျွန်မသင်ယူခဲ့ပါတယ်။ "

ဒီလိုနဲ့ သူမ လန့်သွားတယ်။  "ရှင်အရင်က ကောင်မလေးတွေ အများကြီးကိုနမ်းခဲ့ဖူးတာလား"

"အမ်?"  ပါးစပ်ထောင့်လေးက အပြုံးလေးနဲ့ သူက တကယ်ကို ဆွဲဆောင်မှုရှိလှတယ်။  "မဟုတ်ပါဘူး"

လင်ချင်းချင်း စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချလိုက်သည်။ နမ်းတတ်အောင် သင်ပေးတယ်ဆိုရုံနဲ့ သူက သူမကိုတကယ် နမ်းခဲ့တာပဲလား ဆိုတာသိချင်သွားသည်။ မဟုတ်ဘူးဆိုရင် ဒီလိုနမ်းပြီးတဲ့နောက် သူမတို့ ဘယ်လိုရှေ့ဆက်သွားသင့်လဲ။

သူမခေါင်းငုံ့ကာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်လိုက်ပြီး ဂရုစိုက်မေးလိုက်၏။ "မစ္စတာရီ၊ ရှင်က-"

"ကိုယ့်ကိုဇီယန်လို့ခေါ်ပါ"

"——"

လင်ချင်းချင်း သူမရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာသည်ကို ခံစားမိလိုက်ပြီး မျက်နှာဟာနီရဲလာခဲ့သည်။ သူမက ပြုံးလိုက်ပြီး သူ့ကို "ဇီယန်" ဟု တိုးတိုးလေး ခေါ်လိုက်သည်။

"အင်း ပြော?"

"အခု ကျွန်မတို့ရဲ့ဆက်ဆံရေးကဘာလဲ"

"မင်းက ကိုယ့်မိန်းမလေ။ ကိုယ်တို့ရဲ့ ဆက်ဆံရေးကို မင်းဘယ်လိုထင်လို့လဲ"

လင်ချင်းချင်း သူမ ရီစရာမေးခွန်းတစ်ခုမေးလိုက်သည်ဟု ခံစားလိုက်မိသည်။ သူမတို့က အကြင်လင်မယားတွေ ဖြစ်ကြောင်းသူမသိသည်။ သို့သော်လည်း သူမတို့က အမြဲကို အချင်းချင်းရင်းနှီးမှုမရှိကြတဲ့ စုံတွဲတွေလိုပဲ မဟုတ်လား?

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now