Chapter - 37.1 [Uni+Zawgyi]

1.9K 237 3
                                    

Chapter 37.1

လင်းချင်းချင်းမှာ ရုတ်တရက်ကြီး သူသူမကို ဘာကြောင့် တင်းတင်းကျပ်ကျပ် ဖက်ထားမှန်း မသိသော်လည်း မစ်စတာရီ ၏ လက်များသည် တကယ်ကို သက်တောင့်သက်သာ ရှိစေသည်။

ယခု သူမဟာ သူ့ရင်ခွင်ထဲတွင် မှီလို့နေပြီး တကယ့်ကလေးလေးတစ်ယောက်လို ရင်ဝယ်ပိုက်ထားခံရသည်။

ဒါကသိပ်မကောင်းဘူး၊ ရီဇီယန်လည်း မထိန်းထားနိုင်တော့ဘူးလို့ ခံစားမိပေမယ့် သူသည်းခံနိုင်စွမ်းရှိဖို့လည်း မလိုတော့တာကြောင့် ကြမ်းပြင်ပေါ်ဖြတ်လျှောက်သွားပြီး သူမအားကုတင်ပေါ်တင်လိုက်ကာ သူမ၏ နှုတ်ခမ်း၊ ပါးနဲ့ နားရွက်လေးတွေကို နမ်းလိုက်တယ်။

သူမနားရွက်လေးကို သူနမ်းလိုက်တဲ့အခါ သူမသည်းမခံနိုင်တော့ဘဲ ရှောင်လိုက်ကာ ပြောလိုက်သည်။ “နားရွက်ကို မကိုက်ပါနဲ့၊ ရှင်နားရွက်ကို ကိုက်လိုက်ရင် ကျွန်မခြေထောက်တွေ ပျော့ခွေသွားလိမ့်မယ်။ "

 
သူကိုက်လိုက်သည်။ သူက မပီသသောအသံဖြင့် "ကိုယ်ကလည်းမင်းရဲ့ခြေထောက်တွေကိုပဲ ပျော့ခွေသွားအောင်လုပ်ချင်တာလေ။"

နောက်ထပ် အရူးအမူးချစ်ခဲ့ကြတဲ့ညတစ်ညဖြစ်ခဲ့သည်။ ဒီတစ်ခါတော့ သူတို့နှစ်ယောက်လုံး နည်းနည်းနောက်ကျသည်အထိ ချစ်ခဲ့ကြတယ်။ လင်းချင်းချင်း နောက်တစ်နေ့တွင် အိပ်ရာထလာတော့ သူမ၏ ခြေထောက်များ ကိုက်ခဲနေသေးသည်ဟု ခံစားခဲ့ရပြီး ရီဇီယန်ကတော့ ယခင်အတိုင်းပင် တက်ကြွလို့နေပါသည်။

အနက်ရောင် Maybach ကားက မြေအောက်ကားပါကင်သို့ ဖြည်းညှင်းစွာ မောင်းဝင်လာခဲ့ပြီး ဟွေ့ရီ ကကားတံခါးဖွင့်ရန် အနောက်ထိုင်ခုံသို့ အပြေးသွားခဲ့သည်။ ရီဇီယန်က မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် မနီးမဝေးမှ လူတစ်ဦး ထွက်လာသည်ကို သူတွေ့လိုက်ရသည်။

 
"မစ္စတာရီ၊ ငါ မင်းနဲ့နှစ်ယောက်တည်း စကားပြောလို့ရမလား"

ဟွေ့ရီက သူအရှေ့ရောက်လာတာကိုတောင် မစောင့်ဘဲ တားလိုက်ပြီး ယဉ်ကျေးစွာနဲ့အသိပေးလိုက်သည်။ "ချိန်းထားတာရှိပါသလား ဆရာ? မင်းမှာ ချိန်းထားတာ မရှိဘူးဆိုရင် ဧည့်ကြိုကောင်တာမှာ အချိန်းတင်ထားရပါမယ်။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now