Chapter - 30.3 [Uni+Zawgyi]

2.9K 357 6
                                    

Chapter - 30.3

ဝူကျီ : "——" တူကိုင်ထားတဲ့ သူ့လက်တွေက မသိသာစွာ တုန်ရီသွားသည်။

စက္ကန့်အနည်းငယ်လောက် ကြောင်တောင်တောင်ဖြစ်သွားပြီးနောက် လင်းကျန်းကျန်း ရှက်ရွံ့သွားခဲ့ပြီး အမှန်‌ပြင်ပေးလိုက်သည်။ " အာ ဘယ်လိုတွေခေါ်လိုက်တာတုန်း။  ဘယ်သူက Yī Fù တုန်း ဒါက ဦးဦးဝူပါ!"

ကောင်လေးက ခေါင်းကုတ်ပြီး ပြောလိုက်တယ်။ "တီတီက ဦးလေးတစ်ယောက်ကို တီတီ့နောက်မှာဖွက်ထားတော့ တီတီ့ ချစ်သူလို့ထင်ပြီး သားက Yī Fù လို့ခေါ်လိုက်တာပါ။"

လင်းကျန်းကျန်း ၏မျက်နှာမှာ နီမြန်းသွားပြီး သူမသည် မြေပြင်ပေါ်က အက်ကွဲကြောင်း တစ်ခုရှာပြီး ဝင်ပုန်းဖို့ပင် မစောင့်နိုင်တော့ပေ။ " ပေါက်ကရတွေမပြောနဲ့တော့ " ဟုကလေးလေးအားဆူလိုက်သည်။ ထို့နောက် သူမက ဝူကျီ့ကိုကြည့်ကာ "ကလေးလျှောက်ပြောတဲ့ ပေါက်ကရတွေကို စိတ်ထဲမထားပါနဲ့ " လို့ပြောလိုက်သည်။

ထိုလူကြီးကတော့ ပြန်မဖြေဘဲ မြေပဲတစ်စေ့ကို ပါးစပ်ထဲ ထည့်ကာ ကျန်စပျစ်ရည်ကို ကုန်အောင်သောက်ပစ်လိုက်သည်။ ထို့နောက် မတ်တပ်ထရပ်ကာ "နောက်ကျနေပြီ၊ ကိုယ်ပြန်တော့မယ်" လို့ပြောလိုက်ပါတယ်။

 
လင်းကျန်းကျန်း တခဏလောက် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ လှေကားထစ်သို့ရောက်တဲ့အခါမှ သူမက “ဂရုစိုက်ပါ” ဆိုတဲ့ စကားတစ်ခွန်းကို ပြောလိုက်တယ်။

ထိုလူက ရပ်တန့်လိုက်ပြီး အပေါ်ကို မော့ကြည့်လိုက်သည်။ လင်းကျန်းကျန်း၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားသော်လည်း သူမဘေးနားရှိ ဖက်ထုပ်လေးကိုသာ သူ့အကြည့်များက ရောက်နေသည်ကို သူမမြင်လိုက်ရသည်။

"မင်းသကြားလုံးကြိုက်လား?"

ကောင်လေးက ခေါင်းညိတ်တယ်။

"နောက်တစ်ခါ မင်းအတွက်ဝယ်လာခဲ့မယ်" အဲလိုနဲ့ သူပြန်လှည့်ထွက်သွားခဲ့တယ်။

လင်းကျန်းကျန်း နဲ့ ကောင်လေးကသာ ထိုနေရာ၌ ရပ်ကျန်နေခဲ့တယ်။ အဆုံးမှာတော့ လင်ကျန်းကျန်းကသာ အရင် အသိစိတ်ပြန်ဝင်လာပြီး ကောင်လေးရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "လာ၊ သွားတိုက် မျက်နှာသစ်ပြီး အိပ်ကြရအောင်" လို့ပြောလိုက်ပါတယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now