Chapter - 15.2 [Zawgyi]

1.9K 120 3
                                    

လွန်ခဲ့သည့်လအနည်းငယ်က လျန်ရှင်းက သူမအား ပြိုင်ပွဲအတွက် အားပေးရန် အရုပ်တစ်ရုပ်ကို အထူးဝယ်ပေးခဲ့သည်။ ထိုအချိန်ကပင် သူမက သူမ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်နေဆဲပင်။ ပုံမှန်အားဖြင့်ဆို သူမတို့မတွေ့ဖြစ်တာ လအနည်းငယ်ကြာပြီးနောက် တစ်ယောက်နဲ့တစ်ယောက်တွေ့ကြတဲ့အခါ နွေးထွေးနွေးထွေးတဲ့ ပွေ့ဖက်မှုကြီးတစ်ခုနဲ့ တစ်ယောက်ကိုတစ်ယောက် ကြိုဆိုတတ်ကြတာပါ။

ယခုမူ ပွေ့ဖက်ခြင်း မရှိတော့ပဲ တစ်ယောက်ကို တစ်ယောက် တွေ့နေတာတောင် ပျော်ရွှင်မှုမရှိတော့ပေ။ မတူညီတဲ့ အတွေးကိုယ်စီနဲ့ တစ်ယောက်ယောက်ကိုတစ်ယောက် ဝေ့ဝဲကြည့်ရုံသာကြည့်လိုက်ကြတယ်။

လျန်ရှင်းက သူမကိုတွေ့လိုက်ရတော့ အံ့သြသွားပုံရပြီး ရီဇေယန်ကိုလည်း လှမ်းကြည့်လိုက်သေးသည်။ သူမ (LQQ) က သူမ (LX) တွေးသည်ကို မသိနိုင်သော်လည်း သူမရဲ့အကြည့်မှာ သူမရှေ့ရှိအရာကိုမယုံနိုင်သလို တဖြည်းဖြည်း စိတ်ရှုပ်ထွေးလာသည့်သဏ္ဍာန်ပဲဖြစ်သည်။  ရိုးရိုးရှင်းရှင်းပြောရလျှင် လျန်ရှင်းရဲ့ပုံစံ စိတ်မသက်မသာဖြစ်နေသည့်ပုံပါပဲ။

သို့သော်လည်း ထိုမူမမှန်မှုများက ခဏတာမျှသာဖြစ်ပြီး သူမက ချက်ချင်းပင် ရီဇီယန့်ကို ချစ်ကြည်ရင်းနှီးစွာ နှုတ်ဆက်ခဲ့သည်။ "မင်္ဂလာပါ မစ္စတာရီ။"

ရီဇီယန်ကလည်း ယဉ်ယဉ်ကျေးကျေး ခေါင်းညိတ်ပြလိုက်သည်။  "ဟယ်လို။"

လျန်ရှင်း နှင့် သူမရဲ့ အဖော် အနည်းငယ် လမ်းဖယ်ပေးလိုက်ပြီး Yi Zeyan က ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။

လင်ချင်းချင်းလည်း သတိပြန်ဝင်လာကာ လျန်ရှင်းနဲ့ သူမမသိကြသလို ပြုမူခဲ့သည်။ ဒီနည်းက ပိုကောင်းပါတယ်။

သူတို့တွေ သီးသန့်အခန်းသို့ ရောက်သွားခဲ့ကြပြီးထိုင်လိုက်ကြသည်။  ရီဇီယန်က လျန်ရှင်းနှင့် လင်ချင်းချင်းတို့ အကြားတင်းမာမှုကို သတိပြုမိသွားဖို့ကသေချာသလောက်ရှိပါသည်။ သူကလည်းထက်မြက်သူတစ်ယောက်ပဲလေ။ သူမရဲ့အမူအယာက အနည်းငယ်ပြောင်းလဲသွားတာကြောင့် သူကထိုင်လိုက်ကြပြီးနောက် မေးလိုက်တယ်။ " ဘာကိစ္စရှိလို့လဲ။ "

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now