Chapter - 50.2 [Uni+Zawgyi]

1.1K 116 1
                                    

Chapter - 50.2 {Extra - 1}

လင်ကျန်းကျန်း သူမ၏အတွေးကမ္ဘာမှ ပြန်လည်ရောက်ရှိလာပြီး ဝူကျီ ၏အကြည့်ကိုပြန်ကြည့်ရင်း  ရက်စက်ကြမ်းကြုတ်ပြီး ဂရုမစိုက်တတ်သောလူငယ်ကို သတိရမိသွားသည်။ နှစ်များစွာကြာပြီးနောက်တွင် ယခုသူသည် ဖြောင့်မတ်သောရဲသားတစ်ယောက်ပင်ဖြစ်လို့နေခဲ့သော်လည်း၊ သူ၏လူများကို ရက်စက်စွာရိုက်နှက်ခဲ့သည့်ပုံစံကို သူမ မတွေးတောဘဲလည်း မနေနိုင်ပေ။

သူမဘယ်လိုလုပ် သူ့ဘေးမှာ ထိုင်ရဲပါ့မလဲ။

"မင်းကိုယ့်ကိုအရမ်းကြောက်တယ်လား?"

"မဟုတ်ပါဘူး..မကြောက်ဘူး"

"အဲ့ဒါဆို ဘာလို့ဒီမှာမထိုင်တာလဲ"

ထားလိုက်တော့ လူတိုင်း လူကြီးတွေဖြစ်ကုန်ကြပြီ ဘာမှကြောက်စရာမရှိပါဘူး။ ထိုသို့တွေးပြီး လင်ကျန်းကျန်း ကုတင်ဘေးမှာ ဝင်ထိုင်လိုက်တယ်။ သူ့အားကျောပေးကာ ပြတင်းပေါက်ကို လှမ်းကြည့်ရင်းထိုင်လိုက်တယ်။

"ရှင် တခြားဘာလိုသေးလဲ?" သူမ မေးလိုက်တယ်။

သူ စကားမပြောသော်လည်း သူ သူမကို စိုက်ကြည့်နေမှန်း သူမ သိသည်။ သူက သူမသူ့အတွက် အခွံနွှာထားသည့် ပန်းသီးကို စား၍မကုန်သေးပေ။ သူကတစ်ကိုက်ပြီးတစ်ကိုက် ကိုက်၍စားနေသည်။ နောက်တော့ သူ့လက်တစ်ဖက်က စောင်ထဲကထွက်လာတာကို သူမခံစားလိုက်ရတယ်။ သူမလက်က ကုတင်အစွန်းမှာ ရှိနေပြီး သူ့လက်က စောင်ထဲမှထွက်လာသည်။ သူ့လက်ကို မသိမသာဖြင့် သူမလက်ရှိရာသို့ ရွေ့လိုက်ပုံရသည်။

တစ်ချက်လှမ်းကြည့်လိုက်ပေမယ့် သူမလက်ကို သူမ‌မရွေ့ခဲ့ပါဘူး။

အခန်းထဲတွင်တော့ ပန်းသီးစားနေတဲ့သူရဲ့ တဂျွတ်ဂျွတ်အသံနှင့် သူမရဲ့မြန်လာသည့်နှလုံးခုန်သံသာ ရှိလို့နေပါသည်။

ဖြည်းဖြည်းချင်း သူ့လက်ချောင်းတွေက အပေါ်ကို ရွေ့သွားပြီး သူမ အမြန်မျက်စိမှိတ်လိုက်မိတယ်။

ဒါပေမယ့် သူ့လက်က သူမလက်ချောင်းကို မထိခင်မှာ လူနာခန်းတံခါးက တွန်းဖွင့်ခံလိုက်ရသည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now