Chapter - 52.2 [Uni+Zawgyi]

1K 117 1
                                    

Chapter - 52.2 {Extra - 3}

သူကငယ်ငယ်ကတည်းက အမိန့်ပေးတတ်တဲ့သူလား သူမမသိပေ သူ့လေသံထဲ အမြဲတမ်းလိုလို အမိန့်ပေးသည့် ခံစားချက်ကရတတ်သည်။ လင်ကျန်းကျန်း သူ့၏ ကြမ်းတမ်းတဲ့ အပြူအမူကိုတွေးမိသွားပြီး ကြောက်စရာကောင်းသည်ဟု ထင်သောကြောင့် သူမသည် နာခံစွာဖြင့် သူ့ထံသို့ လာခဲ့သည်။ ဝူကျီကလက်ကို ဆန့်ထုတ်လိုက်ပြီး သူမကို ထိုင်စေရန်အလို့ငှာ သူ့ပေါင်ပေါ်ဆွဲချလိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ လင်ကျန်းကျန်း မရုန်းကန်ခဲ့ပါဘူး။

"တီဗီကြည့်နေသေးလား?"  သူမေးလိုက်တယ်။

"မကြည့်တော့ပါဘူး။" သူမမှာ သူ့ရင်ခွင်ထဲရောက်လို့နေပြီး သူ့အား မော့ပင်မကြည့်ဝံ့ပေ။

တီဗွီကိုပိတ်လိုက်ပြီး ဝူကျီက သူမကို ပွေ့ချီလိုက်ကာ အိပ်ခန်းထဲ ဝင်ခဲ့တယ်။ လင်ကျန်းကျန်းမှာ မလှုပ်မယှက်လေးဖြစ်နေသဖြင့် သူမကို ကုတင်ပေါ်တင်ကာ သူပါလှဲချလိုက်သည်။ သူက မထဘဲ လက်နှစ်ဖက်ဖြင့် ထောက်ကာ သူမအပေါ်မှအုပ်မိုး၍ ငုံ့ကြည့်လိုက်သည်။

မကြာမီပင် သူတို့နှစ်ဦးအပေါ် ဟိုလိုလိုသည်လိုလို လေထုလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့သည်။ လင်ကျန်းကျန်းက အရှက်သည်းစွာဖြင့် နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ "ဒါနဲ့လေ... ကျွန်မတို့ရဲ့ တိုးတက်မှုက အရမ်းမြန်နေသလားလို့လေ အဲဒါကို စမ်းကြည့်ကြမယ်လို့ပဲ ကျွန်မတို့ပြောခဲ့ကြတာလေ။"

သူဘာမှပြန်မပြောဘဲ သူမကို ကြည့်သာကြည့်လိုက်သည်။

လင်ကျန်းကျန်း သိပ်ကိုစိတ်မသက်မသာဖြစ်သွားပြီး သူ့ကို မကြည့်ရဲတော့ပေ။ သူမ ခေါင်းကို တခြားဘက်လှည့်လိုက်သည်။ သူဘာလုပ်လိမ့်မည်မှန်း သူမမသိ ဖြစ်နေသည်။

ခဏတာ ရပ်တန့်သွားပြီးနောက် ဝူကျီက ရုတ်တရက် ခေါင်းငုံ့ကာ သူမ၏ နှုတ်ခမ်းများကို ညင်သာစွာ နမ်းလိုက်ပြီး သူမ၏ နှုတ်ခမ်းများကို ဖြည်းညှင်းစွာ စုပ်ယူကာ သူ့လျှာအား သူမပါးစပ်ထဲခရီးဆန့်ရန် ကြိုးပမ်းလေသည်။ လင်ကျန်းကျန်း သည် အစပိုင်းတွင် တောင့်တင်းလို့နေခဲ့ပြီး သူတစ်ယောက်တည်းကသာ သူမကိုနမ်းရှိုက်နေသလိုဖြစ်လို့နေခဲ့သည်။ တဖြည်းဖြည်းနဲ့မှ သူ့ရဲ့ဦးဆောင်မှုနောက်သူမလိုက်ခဲ့ပြီး သူ့အားမသိစိတ်မှ တုံ့ပြန်၍ပြန်လည်နမ်းရှိုက်ခဲ့မိသည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now