Chapter - 57 [Uni]

1K 126 5
                                    

Chapter - 57 {Extra 8}

ရှောင်ပိုင်၏ ရုတ်တရက် ဝန်ခံမှုကြောင့် မိုချင်းယန်သည် မီဒီယာများ၏ အဓိကပစ်မှတ် ဖြစ်လာခဲ့သည်။ မုချုန်းသည်လည်း ဤရက်များအတွင်း နှောင့်ယှက်မှုများကြောင့် အလွန်စိတ်ဆိုးနေခဲ့ပြီး ချင်ယန်အား ထပ်မံသတိပေးခဲ့သည်။

မကြာသေးမီက သူမသည် မျိုးချစ် တီဗီစီးရီးအတွက် ဇာတ်ဝင်သီချင်းတစ်ပုဒ်ကို အနုပညာရှင်ဟောင်းတစ်ဦးနှင့် သီဆိုခဲ့ပြီး မုချုန်းသည်လည်း သူမအတွက် ကြိုးပမ်းအားထုတ်မှုများစွာ ပြုလုပ်ခဲ့သည်။

တိဗက်စစ်တပ်ကို သွားပြီး ဝမ်းနည်းကြောင်း တင်ဆက်ဖျော်ဖြေရမည်ဖြစ်သည်။

မိုချင်းယန် သည်လည်း ဤအချိန်ကို ရှောင်သင့်သည်ဟု သူမထင်သောကြောင့် မုချုန်း၏ကမ်းလှမ်းချက်ကို လက်ခံခဲ့သည်။  ဝမ်းနည်းခြင်း ဖျော်ဖြေပွဲအတွက် တပ်မတော်သို့ သွားရောက်သောအခါတွင် အဆိုပါ သတင်းထောက်များက စစ်တပ်ထဲ လိုက်ဝံ့မည်ကိုတော့ သူမမထင်ပေ။

အနုပညာရှင်များစွာနှင့် အဆိုတော်နှစ်ဦးလိုက်ပါလာကြပြီး မိုချင်းယန်သည် အသက်အငယ်ဆုံးဖြစ်သည်။ စစ်တပ်ထဲရောက်တဲ့အခါ စစ်သားငယ်လေးတစ်ယောက်က ဦးဆောင်ပြီး သူတို့အားခေါ်လာခဲ့တယ်။

ကားက ဝင်ပေါက်ကို ရောက်တဲ့အခါမှာတော့ ကားက ဆက်ဝင်လို့မရတော့ပေ။ စစ်တပ်က သူတို့အတွက် တန်းလျားတွေ စီစဉ်ပေးပါတယ်။ ဝင်ပေါက်မှ တန်းလျားများဆီသို့ရောက်ရန် လေ့ကျင့်ရေးကွင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ လေ့ကျင့်ရေးကွင်းအပြင်ဘက်မှ သံဆူးကြိုးကိုမြင်လိုက်ရသည်နှင့် ထိုအရာကလူတွေကို ပြင်းထန်ပြီး သည်းမခံနိုင်တဲ့ခံစားချက်တစ်မျိုး ပေးစွမ်းပါတယ်။

လေ့ကျင့်ရေးကွင်းတစ်ခုမှ ဖြတ်သွားသည့်အခါ မိုချင်းယန်သည် အတွင်းဘက်သို့ အမှတ်မထင် ကြည့်လိုက်မိရုံနဲ့ အဝေးတွင် ရပ်နေသော လူတစ်စုကို တွေ့လိုက်ရသည်။ ရုပ်ဖျက်ထားသော ဝတ်စုံဖြင့် အရာရှိတစ်ဦးက ဩဝါဒပေးနေသည်။ သူကမျက်လုံးအကာတပ်ထားသည်ကို သူမသတိပြုမိလိုက်သည်။ သူမပိုမကြည့်ပဲမနေနိုင်ခဲ့ပေ သူမထိုသူက ချန်းကျီ ဖြစ်ကြောင်း လျင်မြန်စွာ အသိအမှတ်ပြုနိုင်ခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now