Chapter - 18.2 [Uni]

4.1K 784 9
                                    

သို့သော် သူ့အပေါ် သူမရဲ့ခုခံမှုကို တွေးမိကာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားသော်လည်း သူမက သူ့ကို ကြောက်နေသေးတာကြောင့် သူမနှင့် ခပ်ဝေးဝေးတွင် လေးလေးစားစား နေခဲ့ပါသည်။  သူတစ်ယောက်တည်းနှင့်အတူမနေချင်သည်မှာ အံ့သြစရာတော့မဟုတ်ပေ။

သူ့အတွေးများကထိုနေရာထိတောင်ရောက်လာခဲ့ပြီဖြစ်ပြီး ရီဇီယန့်ရင်ထဲတွင် မလွှဲမရှောင်သာဖြင့် ခါးသီးမှုကို ခံစားလိုက်ရသည်။ ဒီတစ်သက်မှာ သူမကို တိတ်တဆိတ်ခိုးကာ ပွေ့ဖက်နမ်းရုံမျှသာ လုပ်နိုင်တော့မည်ဆိုသည့် ဖြစ်နိုင်ခြေကို သူ ကြောက်ရွံ့နေခဲ့တယ်။ သူမကသူ့မိန်းမဖြစ်နေရင်တောင် သူနဲ့ ဘယ်တော့မှ နီးနီးကပ်ကပ်မနေတော့မှာကို ကြောက်နေရတာပါ။

ဆေးသောက်ပြီးနောက် ရှောင်ယွမ် သက်သာလာခဲ့သည်။ သူ့မှာ အော့အန်ခြင်းလည်း မရှိတော့‌သလို ဝမ်းလျှောတဲ့ လက္ခဏာတွေ မပြတော့ဘဲ သူမရဲ့ရင်ခွင်ထဲဝင်နေပြီး မကြာခင် အိပ်ပျော်သွားပါတော့တယ်။

ထိုအချိန်တွင် ရီဇီယန်မှာ ကုမ္ပဏီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရန် သူ့အလုပ်စားပွဲတွင် ထိုင်နေတာဖြစ်သော်လည်း လင်ချင်းချင်း အိပ်၍မရခဲ့ပေ။ သူမ သူ့ကို မကြည့်ရဲ့ပေမယ့်လည်း ကြည့်နေချင်သေးတာမို့ သူ့ကို ခိုးကြည့်လိုက်ပေမယ့် လက်ပူးလက်ကြပ်ကိုမိသွားခဲ့ပါတယ်။

လင်ချင်းချင်း အနည်းငယ်ရှက်သွားခဲ့သည်။ သူမရဲ့ ထိတ်လန့်မှုကို ဖုံးကွယ်ဖို့အတွက် သူမက အလျင်စလိုမေးလိုက်တယ်။ " အမေက Xiao Yuan ကို အရင်ကခေါ်သွားခဲ့တယ်လို့ ကြားတယ်။ သူမလုပ်ခဲ့တာလား?"

ရီဇီယန်ရဲ့အမူအရာမှာ တစ်စုံတစ်ရာကြောင့် အနည်းငယ်ရှုပ်ထွေး သွားခဲ့ပါသည်။ "သူမွေးမွေးလာချင်း ကိုယ်အဝေးရောက်နေတုန်းမှာပဲ သူမကသူ့ကိုအတင်းအဝေးခေါ်သွားခဲ့တာပါ။"

"သူမွေးပြီး သိပ်မကြာခင်မှာပဲ? ကျွန်မမီးနေသည်ကာလမှာပဲသူကအခေါ်သွားခံခဲ့ရတာလား? "

"အင်း။"

ငါသိပြီ!

ယောက္ခမနဲ့ ဆက်ဆံရေးမကောင်းတာ အံ့သြစရာမရှိပါဘူး။ အမျိုးသမီးတစ်ဦး မီးနေကာလတွင်ရှိစဉ် သူမက ထိလွယ်ရှလွယ်နှင့် နုနယ်နေပြီဖြစ်သည်။ ဖက်ထုပ်ငယ်ကို ခေါ်ထုတ်သွားတယ် ဒါက သူမကို သတ်လုနီးပါး ဖြစ်စေမှာမှာပဲ။ သူမရဲ့ယောက္ခမအပေါ် အဘယ်ကြောင့် ထိုမျှဆိုးရွားတဲ့ သဘောထားရှ်ိသည်ကို ယခုမှပဲ သူမ နားလည်နိုင်ပြီဖြစ်သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now