Chapter - 45.3 [Uni+Zawgyi]

1.6K 226 8
                                    

Chapter - 45.3

သူ့အမေရဲ့ခေါင်းက ဒဏ်ရာကိုမြင်လိုက်ရတော့ ရှောင်ယွမ်ရဲ့ မျက်လုံးတွေက သူမကို စိုးရိမ်တကြီး စိုက်ကြည့်လို့နေပါတယ်။ လင်ချင်းချင်း က သူ့ခေါင်းလေးကို ပွတ်သပ်လိုက်ပြီး သူ့ကို နှစ်သိမ့်ပေးလိုက်သည်။ "ဒါက ဒဏ်ရာ သေးသေးလေးတခုပါပဲ။"

လင်ကျန်းကျန်း သက်ပြင်းချလိုက်မိတယ်။

လင်ချင်းချင်းက ရီဇီယန်ကို အမြန်ပြောလိုက်သည်။  "ရှင်နဲ့ ရှောင်ယွမ် ကျွန်မကို အောက်ထပ်မှာ ခဏစောင့်‌နေပေးပါလား။ ကျွန်မအစ််မနဲ့စကားပြောချင်လို့။"

"ကောင်းပြီ။"  ရီဇီယန်ကတော့ အများကြီးမေးမနေပါဘူး။

လင်ချင်းချင်းနဲ့ လင်ကျန်းကျန်း တို့နှစ်ယောက် အပေါ်ထပ်ကို တက်လာကြတယ်။ သို့ပေမယ့် လင်ကျန်းကျန်း က မကျေမနပ်ဖြစ်နဲ့ မေးလိုက်သည်။ "နင့်ခေါင်းက ဒဏ်ရာက ဘာဖြစ်လာတာလဲ"

"တကယ်ကို ဘာမှ အရေးမကြီးပါဘူး။ ဒဏ်ရာသေးသေးလေး တစ်ခုပါပဲ။"

"ဒဏ်ရာ ဘယ်လို ရလာတာလဲ"

"မတော်တဆ ခြေထောက်ခေါက်သွားတာပါ။"

"..." လင်ကျန်းကျန်းက ဆုံစမ်းမေးမြန်းတာကို ရပ်လိုက်ပြီး မေးလိုက်သည်။ "နင်ငါ့ကို ဘာပြောစရာရှိလို့လဲ?"

လင်ချင်းချင်းက ခေါင်းငုံ့ပြီး စကားမပြောခင် အနည်းငယ် စဉ်းစားနေခဲ့သည်။ “တကယ်တော့ ငါ နိုးလာတဲ့တော့ ဘာလို့ ဒီကို ရောက်နေတာလဲဆိုတဲ့ မေးခွန်းကို အမြဲစဉ်းစားနေခဲ့တာ။ ဇီယန် နဲ့ ငါက လင်မယား မဟုတ်လား။ ဒဏ်ရာရပြီး ငါ ဆေးရုံမတက်ရဘူးဆိုရင်တောင် ဇီယန်နဲ့အတူ အိမ်မှာပဲ နိုးလာသင့်တယ်လေ။ ငါကဘာလို့ဒီကိုရောက်နေရတာလဲ?"

"နင်ဘာလို့ ဒီလိုမေးချင်ရတာလဲ"

"ငါက စပ်စုရုံပါ။"

လင်ကျန်းကျန်း က သူမမျက်လုံးတွေကို ရှောင်လွှဲလိုက်ပြီးပြန်ဖြေလိုက်တယ်။ "နင်ငါ့ကိုလွမ်းနေတာဆိုပြီး မင်းဒီကို ရက်အတော်ကြာပြန်လာခဲ့တာ။ နင်သတိမထားမိပဲ မတော်တဆပြုတ်ကျပြီး နင့်ခေါင်းကို ထိခိုက်မိသွားတယ်။ ဒါကြောင့်ပဲ နင်ဒီမှာနိုးလာတာ။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now