Chapter - 18.1 [Zawgyi]

1.9K 87 2
                                    

သူမ တကယ်ကို ရူးနေပြီဟု ခံစားမိသည်။ သူ့ကိုဒီလောက်ကြီးထိကြာအောင်တောင် မသိကျွမ်းသေးတဲ့အချိန်မှာ ဒီလိုအတွေးမျိုး သူမမှာရှိနှင့်နေပြီ!

သူမက စိတ်ကူးစိတ်သန်းတွေ ရည်မှန်းချက်တွေရှိတဲ့ လူငယ်တစ်ယောက်ပါနော်။ သူမဒီလောက်ထိကို ဖြစ်နေတဲ့စားဆော်ကြီးလဲမဟုတ်ရပါဘူး ... ဒီလို လင်ချင်းချင်း သူမကိုယ်သူမ ကြိမ်းမောင်းပြီးနောက် သူမရဲ့ မှားယွင်းနေတဲ့ မကောင်းတဲ့အတွေးများမှ အနည်းငယ် နိုးထလာခဲ့သည်။

"ချင်းချင်း?"

သူရဲ့ အနည်းငယ် ကျယ်လောင်တဲ့ အသံက အဆုံးတွင်တော့ သူမကို နောက်သို့ ပြန်ဆွဲခေါ်လိုက်ပါတယ်။ မီးခိုးရောင် ဝက်ဝံလေးရုပ်က သူ့လက်ထဲ့သို့ ရောက်လာသည်ကို သူမ မြင်လိုက်ရသည်။ အမှန်ပင်၊ သူက သူမအတွက် အရယူပေးခဲ့သည်။

လင်ချင်းချင်း သူမရှေ့ကခြေတစ်လှမ်း အကွာမှာ ရပ်နေတဲ့ လူကို လှမ်းကြည့်လိုက်သည်။ သူ့ရဲ့ချောမောတဲ့ မျက်နှာထက် နူးညံ့တဲ့အပြုံးလေးတစ်ခုရှိသည်။

သူမရဲ့ စိတ်ကူးထဲကပုံရိပ်လေးကို ရုတ်တရက် တွေးမိသွားပြီး ပါးပြင်တွေ ပူလောင်သွားရသည်။ သူမကိုယ်သူမ အတွေးထဲနစ်မြှုပ် သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ခေါင်းကို အမြန်လှည့်ကာ ဝက်ဝံကိုယူကာ "ကျေးဇူးတင်ပါတယ်" လို့တတ်နိုင်သမျှ အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။

သူမထူးဆန်းနေသည်ကို သူတွေ့သွားလား မတွေ့သွားလားမသေချာပေမယ့် သူကဘာမှတော့ထပ်မပြောခဲ့ပါဘူး။ သူကဖတ်ထုပ်ငယ်လေးကိုပါ ဘာလိုချင်လဲလို့မေးခဲ့သည်။ ကလေးလေးကတော့ လင်ပိုင်ရုပ်လေးကို လက်‌ညိုးထိုးပြခဲ့ပါတယ်။ တခဏအကြာမှာတော့ သူကလင်ပိုင်ရုပ်လေးကိုရရှိလာခဲ့ပြီး ဖက်ထုတ်ငယ်လေးနားပြန်ရောက်လာခဲ့သည်။

နောက်ပိုင်းတွင်တော့ မိသားစု သုံးယောက်ဟာ ကားဖြင့် အိမ်ပြန်ခဲ့ကြပြီး ရီဇီယန် က ရှေ့တွင်ထိုင်ကာ ကားမောင်းနှင်ပြီး သူမနှင့် ရှောင်ယွမ် တို့ကတော့ အနောက်ဘက်တွင် ထိုင်ခဲ့ကြသည်။ သားအဖနှစ်ယောက်ရဲ့ ကမ္ဘာကြီးဟာ သူမနှင့် ကွဲခြားနေတယ်လို့ သူမခံစားမိလိုက်တယ်။ သူတို့ဟာ တောက်ပပြီး လှပနေကြသော်လည်း သူမတွင်တော့ ကိုးရိုးကားယားနှင့် အရှက်ရစရာအရာတွေသာရှိလေသည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now