Chapter - 14 [Uni]

5.1K 1K 29
                                    

- သူ သူမကိုပွေ့ဖက်ခဲ့တယ်။

ဒီလောက်ကိစ္စလေးကိုလေ! သူဘာလို့ရုတ်တရက်ကြီးလာပြောနေတာလဲလို့!!!

လင်ချင်းချင်းက ရီဇီယန်ကို ကြည့်လိုက်လေတယ်။ သူက အရေးအသားပြေပြစ်တဲ့ English စာအုပ်တစ်အုပ်ကိုကိုင်ပြီး ဆိုဖာပေါ်မှာ သူ့ခြေထောက်တွေကိုချိတ်ပြီးထိုင်လို့နေပါတယ်။ ဒါပေမယ့်သူ့အာရုံတွေကတော့ စာအုပ်ထဲမှာရှိမနေပေ။ သူကခေါင်းကိုအောက်ငုံ့လို့ထားသော်လည်း မျက်လုံးတွေကသူမထံမှာပဲဖြစ်သည်။

သူ့ပါးစပ်က အနည်းငယ်ကွေးလို့နေပြီး မျက်ခုံးတွေကလည်းပြေပြစ်စွာကွေးညွတ်လို့နေပါတယ်။ သူရဲ့အဲ့လိုအဓိပ္ပာယ်ဖော်မရတဲ့အပြုံးကလင်ချင်းချင်းကိုနားလည်းရခက်စေပြီး သူမကိုရှက်လွန်းလို့သေချင်စော်တောင်နံသွားစေခဲ့ပါတယ်။

သူမကလေးငယ်လေးအားကြည့်လိုက်သည်။ ကောင်လေးကလည်းသူမကိုစိတ်အားထက်သန်စွာဖြင့်စိုက်ကြည့်လို့နေဆဲဖြစ်ပါတယ်။ ကလေးတွေကလူကြီးတွေနဲ့ယှဉ်ရင်သူတို့စကားလုံးတွေကလှည့်စားမှုမရှိဘူး။ စပိတ် (spade) ဆို စပိတ် (spade) ပဲ။ ကြိုက်ရင်ကြိုက်တယ် မကြိုက်ရင်မကြိုက်ဖူးပါပဲ။

လင်ချင်းချင်းကအရမ်းရှက်နေပေမယ့်လည်းကောင်ငယ်လေးစိတ်ပျက်လက်ပျက်ဖြစ်နေတာကိုမကြည့်ရက်တာနဲ့ပဲ သူမများစွာတွေးတောခဲ့ပြီးမှဟုတ်မှန်ကြောင်းလက်ခံလိုက်ရလေတယ်။ ရီဇီယန်ရဲ့မေးခွန်းထုတ်သလိုအကြည့်တွေကိုရှောင်ပြီးသူမပြောလိုက်တယ်။ " ဟုတ်ပြီ၊ မေမေ သားနဲ့တူတူကြည့်မယ်နော်။ "

သူမရဲ့အဖြေကြောင့် စိတ်သက်သာရာရပြီး အရမ်းပျော်ရွှင်သွားတဲ့ရှောင်ယွမ်က သူမရဲ့လက်ကိုဆွဲကာအပေါ်ထပ်ကိုဆွဲခေါ်သွားခဲ့ပြီး သူရေမိုးချိုး ညအိပ်၀တ်စုံလဲရန် သူ့အခန်းထဲသို့သူမကပြန်လည်၍လိုက်ပို့ပေးခဲ့ရပါတယ်။  ခဏကြာတော့ ရေချိုးပြီး နှစ်ယောက်သား လန်းလန်းဆန်းဆန်းရွှင်ရွှင်ပြပြနဲ့ ရီဇီယန်ရဲ့ အခန်းထဲကို ဝင်သွားကြတယ်။

ရီဇီယန်သည်လည်း ရေချိုးပြီးသွားပြီဖြစ်ပြီး ကုတင်ပေါ်တွင်ထိုင်လို့နေပါတယ်။ သူနှင့်တိုက်ရိုက်မျက်နှာချင်းဆိုင်တွင်နံရံ၌တပ်ဆင်ထားသည့် LCD TV တစ်ခုရှိပြီး သူမနှင့် ရှောင်ယွမ်ကြည့်ခဲ့တဲ့ ကာတွန်းက ပွင့်လို့နေပါတယ်။ အောက်ထပ်မှာကြည့်ပြီးရပ်ထားခဲ့တဲ့ ဇာတ်ဝင်ခန်းအတိုင်း ရပ်လို့ထားလေသည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now