Chapter - 9 [Uni]

5.4K 738 16
                                    

Chapter 9 - သားအဖနှစ်ယောက်နှင့်အတူတကွစတင်နေထိုင်ခြင်း

သူ့အဖေရဲ့စိတ်ခံစားမှုတွေကိုနက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားတာနှင့်လုံးဝခြားနားစွာပင်ကလေးလေးမှာစိတ်လှုပ်ရှားနေခဲ့သည်။ သူကသူ့အမေဖြစ်သူရဲ့လက်ကိုကိုင်လိုက်ပြီး "ဒါဆိုမေမေကသားတို့နဲ့အတူတူနေတော့မှာလား။"

လင်ချင်းချင်းခေါင်းညိတ်လိုက်သည်။

ကောင်လေးကပျော်ရွှင်သွားခဲ့ပြီးသူ့မျက်နှာပေါ်ကအပြုံးကပိုကျယ်လာခဲ့သည်။ "ဒါဆိုဖေဖေနဲ့သားမေမေ့ပစ္စည်းတွေရှင်းဖို့ကူညီပေးရမလား။ ဒီညပဲအိမ်ပြန်ကြရအောင်လေ မေမေ။ "

လင်ချင်းချင်းကထိုင်ချလိုက်ပြီးသူ့မျက်နှာလေးကိုလက်နဲ့ပွတ်လိုက်ပြီး "မေမေကအသုံးဆောင်တွေကိုပါမကမေမေ့ရဲ့စိတ်ကိုပါရှင်းဖို့လိုတယ်လေ။ မေမေမနက်ဖြန်ပြန်လာမှာပါ ပြီးတော့သားမနက်ဖြန်ကျောင်းဆင်းရင်မေမေ့ကိုတွေ့မှာပါနော်။ "

ကလေးလေးကစိတ်ပျက်သွားပေမယ့်သူ့မေမေကသူတို့နဲ့အိမ်ပြန်လိုက်ချင်တာကြောင့်ဝမ်းသာပြီးနောက်ဆုံးမှာတော့သဘောတူခဲ့ပါတယ်။

ရီဇီယန်ကဝင်ပြောလိုက်တယ် " ရှောင်ယွမ် နဲ့ကိုယ်မင်းကိုပြန်လိုက်ပို့ပါ့မယ်။ "

လင်ချင်းချင်းက " ရပါတယ်။ ကျွန်မတစ်ယောက်တည်းပြန်လို့ရပါတယ်" လို့ပြန်ပြောလိုက်ပါတယ်။

သူကကောင်လေးကိုနှုတ်ဆက်ကာစကူတာစီးပြီးအိမ်ပြန်လာခဲ့တယ်။ သူပြန်တော့မယ်ဆိုတာကိုသိပြီးအရမ်းကိုမှပျော်ရွှင်နေတဲ့အစ်မကြီးဖြစ်သူနဲ့လည်းစကားပြောပြီးသွားပြီ။ ရုတ်တရက်ကြီးသူမကစွန့်​ပစ်​ခြင်းခံရတဲ့ပုံစံလေးပေါက်‌လို့သွားခဲ့တယ်။

တကယ်တော့လင်ချင်းချင်းကသူမလက်ထပ်ပြီးကလေးပါယူထားသည်ကိုသိရှိတဲ့အခါတုန်လှုပ်သွားခဲ့ပါသည်။ အဆုံးမှာတော့သူမဟာလွန်ခဲ့တဲ့လအနည်းငယ်ကမှကောလိပ်ကျောင်းသူအဖြစ်ရှိနေခဲ့ဆဲဖြစ်ပြီးသူမရဲ့နှစ်ဆယ်မြောက်မွေးနေ့ပွဲကိုကျင်းပခဲ့တာ၊ သူမဟာအရွယ်ကောင်းကိုရောက်လို့နေပြီးအိမ်ထောင်ပြု၊ကလေးယူဖို့ကဝေးလှပါသည်။ အဲ့ဒီ့အပြင်ကိုမှသူမလက်ထပ်ခဲ့တဲ့အမျိုးသားကသူမနဲ့လုံးဝကိုမသိအကျွမ်းတဝင်မရှိတဲ့သူနဲ့တဲ့လေ!

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now