Chapter - 41.2 [Uni+Zawgyi]

1.4K 150 0
                                    

Chapter - 41.2

မျက်လုံးအားအနည်းငယ်မှေးစင်းလိုက်တော့ သူ့အကြည့်တွေက ရုတ်တရက် စူးရှလာခဲ့တယ်။ သူ့ ရဲ့ အရှိန်အဝါက တကယ်ကို အသက်ရှုမှားစေပြီး သူ့မျက်လုံးထဲကိုပင် စိုက်မကြည့်ရဲပေ။ သူမရှင်းပြဖို့ကြိုးစားလိုက်သည်။ “ဒီကလူကြီးမင်း…”

"ကိုယ့်နာမည်က ရီဇီယန်"

 
"မစ္စတာရီ၊ အဲဒီညက မတော်တဆမှုတစ်ခုပဲဆိုတာ ရှင်လည်းသိထားပြီးသားပါပဲ။ ကျွန်တို့က သူငယ်ချင်းတွေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက်က ရင်းနှီးမှုမရှိတဲ့လူနှစ်ယောက်သာသာပါပဲ၊ ဒီကိစ္စက ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ ယူဆလိုက်သင့်တယ်၊ ဒါက လူတိုင်းအတွက် ကောင်းပါတယ်။  ."

"ကိုယ်ကတော့ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးဆိုပြီး ဟန်ဆောင်မနေချင်ဘူး။"

 
"..." လင်ချင်းချင်း မျက်မှောင်ကြုတ်လိုက်သည်။ "ရှင်ကဘာကိုလိုချင်တာလဲ?"

သူ့နာရီကိုလှည့်လိုက်ပြီး ခေါင်းငုံ့ကာ ခဏလောက် ငြိမ်နေလိုက်ပြီးမှ ပုံမှန်လေသံဖြင့်ပြောလိုက်သည်။ "ကိုယ့်တို့ အတူတူရှိနိုင်အောင် ကြိုးစားကြမယ်လေ မင်းမှာလည်း ချစ်သူကောင်လေး မရှိသေးဘူးမဟုတ်လား"

 
အတူတူရှိဖို့ ကြိုးစားရမယ်? သူမရှေ့က ယောက်ျားကို ကြည့်လိုက်သည်။ သူ့အကြောင်း သူမသိသည်က နှစ်ပေါင်းများစွာ ကြာခဲ့စဉ်က chat ခဲ့တာပဲရှိသည်။ ထိုအချိန်တွင် သူ အပြင်းဖျားနေမှန်း သူမသိသည်။ ဆိုရှယ်ဆော့ဖ်ဝဲလ်ကို စသုံးတုန်းက ဆန်းသစ်တယ်လို့ ခံစားခဲ့ရတယ်။ သူမ၏ ပထမဆုံးသော ကွန်ယက်သူငယ်ချင်းကို ရတဲ့အခါ သူနှင့် စကားစမြည်ပြောဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် သူမသည် ကျောင်းတက်ရင်း အလုပ်ရှုပ်ကာ ကွန်ယက်သူငယ်ချင်းများလည်း ထပ်တိုးလာခဲ့ပြီး ယခင်ကကွန်ယက်သူငယ်ချင်းများမှာ တဖြည်းဖြည်းနှင့် အောက်သို့နစ်မြှုပ်သွားခဲ့သည်။

သူ့ရဲ့နောက်ကြောင်းကိုလည်း သူမမသိပေ သူ့အသက်အရွယ်ကိုတောင် တလွဲထင်ခဲ့သေးသည်။ သူ့အကြောင်း ဘာမှမသိပေမယ့် သူ့အပြောအဆို၊ အဝတ်အစားနဲ့ အခုပဲ သူ့အပေါ် ကျောင်းအုပ်ဆရာရဲ့ နူးညံ့နေတဲ့ သဘောထားကို ကြည့်ရရင်တော့ ဒီလူတွင် အဆက်အသွယ်အများကြီးရှိရမည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now