Chapter - 56 [Uni]

1.1K 93 2
                                    

Chapter 56

EP ပြီးတဲ့အခါ မိုချင်းယန်က ရှောင် မိသားစုရဲ့အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သူမတကယ်တော့ထိုနေရာသို့မသွားချင်ပေ သူမနှင့် ရှောင်ပိုင်တို့ရဲ့ ယခင်ကတည်း ဆက်ဆံရေး တင်းမာနေခဲ့ကြတာဖြစ်ပြီး ဒ့ါအပြင်ကို သူမကသူ့အားရဲကိုတိုင်ကြားခဲ့သေးသည်။ ရှောင် မိသားစုမှ အကြီးအကဲနှစ်ယောက်ကိုသူမ ဘယ်လိုလုပ် ဆက်ဆံသွားတွေ့ရမလဲ မသိတော့ပေ။ သို့သော်လည်း သူတို့က သူမကို နှစ်အတော်ကြာ ပြုစုပျိုးထောင်ပေးခဲ့သောကြောင့် သူမသည် သူတို့အတွက် စိတ်မကောင်းဖြစ်ခဲ့ရသည်။ သူမအသက်ရှင်နေသေးကြောင်း သူတို့သိသွားတာကြောင့် သူမသည် သူတို့ထံ သွားရောက်လည်ပတ်သင့်သည်။

ဤခရီးသည် သူမ၏ကိုယ်ရေးကိုယ်တာခရီးစဉ်ဖြစ်သောကြောင့် သူမ၏လက်ထောက်ကို မခေါ်သွားဘဲ ရှောင်းမိသားစုအိမ်တော်သို့ ဆိုက်ဆိုက်မြိုက်မြိုက် သွားခဲ့သည်။ ရှောင်မိသားစုမှ သက်ကြီးရွယ်အိုနှစ်ဦးသည် နံနက်စောစောတွင် သူမကို ဖုန်းလက်ခံရရှိခဲ့တာကြောင့် အိမ်တော်၌ စောင့်ဆိုင်းနေခဲ့ကြသည်။

ရှောင်မိသားစုသည် နန်ယွိ မြို့တွင်တည်ရှိပြီး ထိုမြို့သည် ပေကျင်းမြို့ပြီး အကြီးဆုံးမြို့ဖြစ်သည်။ ရှောင် မိသားစုသည် နယ်မြေဟောင်းတွင်နေထိုင်ကြပြီး နန်ယွိတွင် ချမ်းသာပြီး ကျော်ကြားကြသည်။

အိမ်ထိန်းက တံခါးကိုဖွင့်ပြီး သူမကို အထဲကို ခေါ်သွားခဲ့တယ်။ သူမကို တွေ့ပြီးနောက် အမေရှောင်၏ မျက်လုံးတွေက နီရဲလာခဲ့သည်။ "ယန်ယန် အန်တီတို့ကို ဒီနှစ်တွေမှာ ဘာလို့ မဆက်သွယ်ခဲ့ရတာလဲ။ ဘာလို့ထွက်သွားတာလဲ? အန်တီနဲ့ သမီးဦးလေးတို့က သမီးအပေါ် လုံလောက်အောင်မကောင်းကြလို့လား။"

အဖေ ရှောင် ကသိပ်စိတ်မလှုပ်ရှားပါဘူး။ သူက အမေရှောင်ရဲ့ ပုခုံးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ "ဟုတ်ပါပြီ ဟုတ်ပါပြီ။ ယန်ယန်က ခုမှပြန်လာခဲ့တာ သူမကိုတစ်ခုခုလေးအရင်စားခိုင်းရအောင်"

ထိုမှသာ မေမေရှောင် က တုံ့ပြန်ပြီး ချင်းယန် ကို ဆိုဖာပေါ်ထိုင်ချရန် အလျင်အမြန်ဆွဲခေါ်လိုက်သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now