Chapter - 21.1 [Zawgyi]

2K 97 2
                                    

သူမသူ့ရဲ့ ပါးလေးပေါ်ကို အနမ်းဖွဖွလေး ပေးလိုက်တယ်။

သူမ နမ်းလိုက်ပြီးတော့ သူ့မျက်လုံးတွေ ရုတ်တရက် တင်းတင်းကျပ်ကျပ် မပိတ်လိုက်ခင်မှာပဲ သူမ အိပ်မက်က လန့်နိုးသွားသလို ခံစားလိုက်ရတယ်။
သူ သူမကို စိုက်ကြည့်မိနေပြီး သူမ နမ်းလိုက်တဲ့ နေရာကို မသိစိတ်ကနေ ထိကြည့်မိနေတယ်။
သူ အရမ်း အံ့ဩသွားပြီး သူမ ဘာကြောင့်နမ်းခဲ့တယ်ဆိုတာကို တိတ်တဆိတ် မေးနေပုံပေါ်တယ်။
" ကျေးဇူး... ကျေးဇူးတင်ပါတယ် ငါ့ကို ဒီနေရာထိ သယ်လာပေးလို့"

လင်ချင်းချင်းက သူမရဲ့ အသံ တုန်လှုပ်နေသလို ခံစားလိုက်ရတယ်။အမျိုးသားတစ်ယောက်ကို ရဲရဲတင်းတင်း နမ်းလိုက်တာက မင်းကို မိုးတိမ်ပေါ်ထိကို ရောက်သွားစေမှာ သေချာပါတယ်။ဒါမယ့် အသိစိတ်ပြန်ဝင်လာတာနဲ့ ငရဲ ရောက်သွားတာနဲ့ မကွာခြားဘူး။

ရိုးရိုးရှင်းရှင်းပြောရရင် သူက သူမနဲ့ ဖြေရှင်းဖို့လည်း မကြိုးစားသလို ‌သူမဘာကြောင့် ဒီလိုနည်းလမ်းနဲ့ ကျေးဇူးတင်လဲဆိုတာကိုလည်း ရှာဖွေဖြို မလုပ်ဘူး။အဲ့ဒီ့အစား သူမက အကျိုးအကြောင်း ဖြေရှင်းချက်ပေးမယ်ဆိုရင်တောင် သူ ဘာမှ ပြန်ပြောမှာ မဟုတ်ဘူး။သူ မတ်တပ်ရပ် သူမအတွက် တံခါးကို ပိတ်လိုက်ပြီး ကားမောင်းတဲ့ ခုံမှာထိုင်ပြီး မောင်းထွက်သွားတယ်။ သူမ သက်ပြင်းတစ်ချက်ချ လိုက်တယ်။သူ့ကို နမ်းရတာ ဓားပြတိုက်နေရသလိုပါပဲ။

သူမတို့ ရှောင်ယွမ်ကို သွားကြိုနေကြတာဖြစ်ပေမယ့် ခဏကြာတော့ သူမတို့ ဆန့်ကျင်ဘက်လမ်းကို သွားနေတယ်ဆိုတာ လင်ချင်းချင်း တွေ့လိုက်ရတယ်။ကလေးရဲ့ ကျောင်းက တောင်ဘက်မှာ သူတို့ လမ်းကြောင်းက မြောက်ဘက်ကို ရှင်းရှင်းလင်းလင်း သွားနေတယ်။

နောက်ဆုံးတော့ သူမ မေးလိုက်မိတယ် " ရှင့်မှာ လုပ်စရာ တစ်ခုခု ရှိသေးတာလား။ ရှောင်ယွမ်ကို သွားကြိုနေတာဆိုရင်တော့ ကျွန်မတို့ လမ်းမှားနေပြီ "

" ဟုတ်လား တကယ်လား?"

လင်ချင်းချင်းရဲ့ နောက်ကွယ်တွင် သူ့ရဲ့ တုံ့ပြန်မှုကို အံ့အားသင့်သွားတာဖြစ်ပေမယ့် ဂရုမစိုက်သလိုပဲ နေလိုက်တယ်။" ကိုယ်တို့ ခဏလောက် လမ်းလွှဲရမယ် ထင်တယ်"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now