Chapter - 16.3 [Zawgyi]

2.3K 115 2
                                    

လင်ချင်းချင်းကရှောင်ယွမ့်ကို သူမစီသို့ဆွဲယူလိုက်ပြီး ချစ်စရာကောင်းလှသည့်သူမသားလေးအား ရင်ခွင်ထဲထွေးပွေ့လိုက်သည်။ သူလေးကလည်း သူ့အမေဖြစ်သူကို ကူညီပေးချင်ကြောင်း သိလိုက်ရလို့ သူမလုံးဝကိုရင်ထဲထိသွားခဲ့ပြီး ကျေးဇူးလည်းတင်သွားခဲ့သည်။

စပျစ်ရည်ဆိုင်ကိစ္စများ ဆွေးနွေးပြီး ခေတ္တနားချိန်တွင် ရီဇီယန်က အောက်ထပ်တွင် တစ်ခုခုဖြစ်နေတယ်ဆိုတာကို ကြားလိုက်ရသဖြင့် ကြည့်ရှုရန် ထွက်လာခဲ့သည်။ သို့သော် သူကအောက်ထပ်သို့မဆင်းပေ အောက်ထပ်ရှိ အဖြစ်အပျက်များကို ကြည့်ရှုဖို့ရန်အတွက်သာ အပေါ်ထပ် စင်္ကြံတွင် ရပ်ရန် ရွေးချယ်ခဲ့သည်။

တခဏလောက် နားထောင်ပြီးမှ ဖြစ်ပျက်ခဲ့‌တာတွေကို သူသဘောပေါက်သွားပါတယ်။

သူ့ဘေးတွင်ရပ်နေကြသော ချန်းဘို နှင့် လုရှို့ယွမ် တို့ကလည်းထိုမြင်ကွင်းကို မြင်လိုက်ကြတော့ အနည်းငယ်ထိတ်လန့်သွားခဲ့ကြသည်။ လုရှို့ယွမ်က သူ့ညီမကို တားဖို့ အောက်ထပ်ကို ဆင်းဖို့တောင် လုပ်လိုက်သေးသည်။ သို့သော်လည်း ရီဇီယန်မှာ အလွန်တည်ငြိမ်လို့နေပြီး သူ့မျက်နှာပေါ်ထက် အမူအရာမှာ သိပ်ပြောင်းလဲမှုမရှိပေ။ သူက အမှုမဲ့ အမှတ်မဲ့နဲ့ အိတ်ကပ်ထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်ပြီး အေးအေးဆေးဆေးဖြင့် ဆေးလိပ်သောက်နေခဲ့သည်။

အောက်ထပ်က လင်ချင်းချင်းကတော့ တစ်ချိန်လုံးနီးပါးကိုပဲ ကတ်တွေကိုကိုင်တွယ်နေခဲ့သည်။ ထိုအချိန်မှာပဲ သူမက ကတ်ပြားတွေကို စားပွဲပေါ်ပစ်ချလိုက်ပြီး ၎င်းတို့ထဲမှ ကတ်နှစ်ကတ်ကို ဆွဲထုတ်လိုက်သည်။ သူမက တမင်တကာ စိတ်ရှုပ်ထွေးဟန်ပြုလုပ်လိုက်ပြီး လုဝမ်ချန်းအား အလောသုံးဆယ်ပြောပြလိုက်တယ်။ "ဒါက တကယ်ကို ထူးဆန်းတာပဲ။ နင့်လက်ထဲမှာ ၂ ကတ်က သုံးခု ရှိခဲ့တာ သိသာပါတယ်။ ဒါပေမယ့်မထိရသေးတဲ့ ကတ်တွေထဲမှာ နောက်ထပ် ၂ ကတ် နှစ်ကတ်က ဘာလို့ရှိနေရတာလဲ?"

လုဝမ်ချန်းရဲ့မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားသော်လည်း သူမက မထုံတက်သေးအကြည့်နဲ့ အလျင်အမြန်ပြောလိုက်သည်။ "ငါကဘယ်လိုလုပ်သိမှာလဲ? ကတ်ယူလာတဲ့သူကို ဘာလို့ နောက်ထပ်နှစ်ဆကတ်ထပ်ရှိနေတာလဲလို့မေးရမှာလေ။ "

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now