Chapter - 59.2 [Uni+Zawgyi]

1K 81 2
                                    

Chapter - 59.2 {Extra 10}

သူမအိမ်ဘယ်မှာလဲ၊ သူမဘယ်ကျောင်းမှာနေလဲ၊ သူမမှာသိပ်မကြိုက်တဲ့ မိထွေးတစ်ယောက်ရှိတယ်၊ ပေကျင်း မှာ ချစ်ရတဲ့အစ်မတစ်ယောက်ရှိတယ်ဆိုတာကိုပါ သူသိလိုက်ရတယ်။

ကံကောင်းထောက်မစွာနဲ့ သူကလူဆိုးတစ်ယောက်ဟုတ်‌မနေပေ။ မဟုတ်ပါက သူမသည် လူမှုဆော့ဖ်ဝဲလ်တွင် အချက်အလက်များ အလွန်အကျွံဖော်ပြပါက အန္တရာယ်ဖြစ်နိုင်သည်။ ဒါကြောင့် သူစိမ်းတွေကို အချက်အလက်အများကြီးမဖော်ပြဖို့ သူ့ကို ညင်သာစွာသတိပေးခဲ့ပေမယ့် သူမက 'ကိစ္စမရှိပါဘူး ဦးလေးက လူကောင်းပါ' လို့သာ ပြန်ဖြေခဲ့တယ်။

ဩော်၊ လူကောင်းတဲ့။  သူမ သူ့ကို မသိပါပဲနဲ့လေ။ လူကောင်းဆိုတာဘယ်လိုမျိုးလို့ သူမသိခဲ့တာပါလိမ့်။ နုံအလိုက်ပုံကတော့နော်။

ကလေးမလေးက သူဆေးရုံမှာ နေမကောင်းဖြစ်နေမှန်းသိတာကြောင့် သူမလက်နဲ့လုပ်ထားတဲ့ နဂါးမုတ်ဆိတ်သကြားလုံးက အရသာရှိသည်ဆိုကာ တစ်ခုကို ပို့ပေးချင်တာကြောင့် သူငြင်းနိုင်ခဲ့ဘူး လိကျီကိုသာ လိပ်စာပေးခိုင်းလိုက်ရတယ်။ ပစ္စည်းရပြီးနောက် လိကျီနှင့် အခြားလူများကိုလည်း ခွဲဝေပေးခဲ့ပြီး သူသည်လည်း အပိုင်းအစတစ်ခုရခဲ့သည်။ သူက အချိုတွေကို မကြိုက်ပေမယ့် ဒီနဂါးမုတ်ဆိတ်သကြားလုံးက တကယ်ကို အရသာရှိတယ်။

နောက်ပိုင်းတော့ စကားစမြည်ပြောရင်း ကလေးမလေးက သူ့ကို ဖုန်းဆက်ဖို့ ကမ်းလှမ်းလေတယ်။ သူမကသူ့ကို သီချင်းဆိုပြချင်တယ်လို့ ပြောသည်။

သူ့အဆိုပြုချက်ကို သဘောတူပြီး သူ့ဖုန်းနံပါတ်ကို ပါသူပေးလိုက်တာက သူအရမ်းပျင်းနေလို့ဟုသာ တွေးလိုက်သည်။

ပထမအကြိမ် ဖုန်းခေါ်ဆိုသည့်နေ့သည် ညနေပိုင်းဖြစ်သည်။ ဖုန်းမြည်သွားပြီးနောက် ဖုန်း၏အခြားတစ်ဖက်မှ အလွန်ချိုမြိန်သောအသံလေးကို သူကြားလိုက်ရသည်။ “ ဦးလေး လားမသိဘူး ” လို့ သေသေချာချာလေး မေးလေတယ်။

ရီဇီယန်  "ငါပါပဲ၊ မင်္ဂလာပါ။"

လင်ချင်းချင်း  "ဝါး ဦးလေးအသံက အရမ်းကိုနုပျိုသေးတာပဲနော် ဦးလေး"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now