Chapter - 41.3 [Uni+Zawgyi]

1.4K 151 0
                                    

Chapter - 41.3

နောက်ပိုင်းတွင်တော့ လင်ချင်းချင်းမှာ အစ်မဖြစ်သူ၏ သွေးဆောင်မှုနှင့် ကျောင်းမှ ခေတ္တဆိုင်းငံ့စည်းကမ်းကို လိုက်နာကာ မီးဖွားရန် ပြင်ဆင်ဖို့အတွက် အိမ်တွင် စောင့်ဆိုင်းခဲ့သည်။ ကလေးမွေးပြီးနောက်မှသာ လင်ချင်းချင်းက ရောင်ရမ်းမှုကို ကုသပြီးနောက်မှ ကျောင်းပြန်တက်ရမည်ဖြစ်သည်။

"နင်ကအိမ်မှာပဲနေ။ စားသောက်ဆိုင်လုပ်ငန်းကလည်း စလည်ပတ်နေပြီ။ နင့်အိမ်ကိုလည်းငှားစားလို့ရတယ်၊ စီးပွားရေးအတွက်လည်း လုံးဝစိတ်မပူနဲ့။ ကိုယ်ဝန်ဆောင်တွေက စိတ်အခြေအနေကောင်းဖို့ လိုတယ် ဟုတ်ပြီလား။"

 
လင်ကျန်းကျန်းက သူမကို နေ့တိုင်း စိုးရိမ်သောကဖြင့် မျက်မှောင်ကြုတ်သည်ကို မြင်တွေ့သောကြောင့် ဖြစ်နိုင်သည်၊ နေ့လည်စာစားချိန်၌ သူမအား ထိုကဲ့သို့ အကြံပေးခဲ့သည်။

သောကရောက်နေသော်လည်း လင်ချင်းချင်း ကဖျစ်ညစ်ပြုံးပြလိုက်သည်။ "ငါသိပါတယ် နင်ငါ့ထက်နင့်ကိုနင်ပိုဂရုစိုက်သင့်တယ်"

 
သူမတို့ စကားစမြည်ပြောနေစဉ် စားပွဲထိုးတစ်ဦးက လင်ကျန်းကျန်း နှင့် စကားပြောရန် ဝင်လာခဲ့သည်။  "သူဌေး၊ မင်းကိုတွေ့ချင်နေတဲ့ လူကြီးမင်းတစ်ယောက် ဆိုင်မှာရောက်နေပါတယ်။"

"လူကြီးမင်း?" လင်ကျန်းကျန်း သံသယဖြစ်မိသည်။  "ဘယ်ကလူကြီးမင်းလဲ။  သူ့နာမည်​​ကိုရောပြော​လား"

 
စားပွဲထိုးက ပြန်ဖြေပါတယ်။  "သူ မပြောပါဘူး ဒါပေမယ့် သူက သူဌေးရဲ့ ခဲအို ဖြစ်တယ်လို့တော့ ပြောတယ်"

"ခဲအို?"

 
သူမအား စုံစမ်းမေးမြန်းနေသလို စူးစူးရဲရဲ စိုက်ကြည့်နေသည့် လင်ကျန်းကျန်းကို ကြည့်ရင်း လင်ချင်းချင်းသည်လည်း ကြောင်တောင်တောင် ဖြစ်သွားခဲ့သည်။ ဘယ်ကခဲအိုလဲ ပြဿနာရှာဖို့ စျေးပေါတဲ့ ယောက်ျား ရှန်ဟွရန် က သူမပိုင်နက်ကို လာခဲ့တာလို့တော့ မပြောနဲ့နော်။

သူ့ကိုယ်သူ ခဲအိုလို့တောင်ခေါ်တယ် မျက်နှာအရေထူတာပဲမဟုတ်လား?

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now