Chapter - 53.2 [Uni+Zawgyi]

1K 121 3
                                    

Chapter - 53.2 {Extra 4}

အမည်မသိနံပါတ်ကိုကြည့်ရင်း ဖုန်းကိုကောက်ကိုင်လိုက်ပြီးနောက် ဧရိယာကုဒ်က ရှန်ဟိုင်း မြို့မှဖြစ်ကြောင်း သူမသိလိုက်သည် ။

 
ရှန်ဟိုင်း မြို့တွင် သူမနှင့်ပတ်သက်သည့် တစ်ဦးတည်းသောလူမှာ လင်းဖန်ပဲဖြစ်သည်။ ဒီနံပါတ်ကိုမြင်တော့ မဖြေချင်ပေမယ့် ဖုန်းက အဆက်မပြတ်မြည်နေခဲ့တယ်။ စဉ်းစားပြီး နောက်ဆုံးတွင်တော့ လင်ကျန်းကျန်း ဖုန်းကိုင်လိုက်သည် ။

"ဒါကမစ်လင်းလားမသိဘူးရှင့်"  ဖုန်း၏အခြားတစ်ဖက်မှ ထူးဆန်းသောအမျိုးသမီးအသံတစ်ခုထွက်ပေါ်လာသည်။

 
" ဟုတ်ပါတယ် ကျွန်မပါပဲ၊ ဘယ်သူလဲမသိဘူး။"

"ဒါက ရှန်ဟိုင်း XX ဆေးရုံကပါ။ မစ္စတာလင်းဖန်ရဲ့သမီး မစ္စလင်းဟုတ်ပါသလားရှင့်။ မစ္စတာလင်းဖန်ကို ကူညီပြီး ဆက်သွယ်ပေးတာပါ။ မစ္စတာလင်းဖန်ရဲ့ ဦးနှောက်သွေးကြောပိတ်မှုက ခွဲစိတ်ဖို့လိုပါတယ်။ သူ့မိသားစုရဲ့ လက်မှတ်လိုလို့ပါ။ မစ္စတာလင်းဖန်က ကျွန်မတို့ကို အစ်မကို ဆက်သွယ်ခိုင်းတာကြောင့်ပါ အစ်မကျွန်မတို့ဆေးရုံကို ဘယ်တော့လာမှာလဲလို့ မေးချင်ပါတယ်"

 
လင်းဖန်က ဦးနှောက်သွေးကြောပိတ်ခြင်းကို ခံစားနေရတာလား။

"ရှင်တို့နားလည်မှုလွဲနေပါပြီ။ ကျွန်မက လင်းဖန် ရဲ့သမီးဖြစ်ပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပဲ ကျွန်မနဲ့သူကအဆက်အသွယ်ဖြတ်ခဲ့ကြတာပါ။ ကျွန်မလက်မှတ်မထိုးနိုင်ပါဘူး၊ နောင်လည်းကျွန်မကိုမခေါ်ပါနဲ့။"

 
ဒါကိုပြောပြီးနောက် လင်ချင်းချင်း ဖုန်းချပစ်ခဲ့သည်။

"ဘာဖြစ်လို့လဲ? လင်းဖန်က ဘာဖြစ်တာလဲ?" လင်ကျန်းကျန်းက မေးလိုက်သည်။

 
လင်ချင်းချင်း ပခုံးတွန့်ပြလိုက်သည်။ "သူပြောတာတော့ ဦးနှောက်သွေးကြောပိတ်နေတာတဲ့ ကျွန်မကိုလက်မှတ်လာထိုးခိုင်းတာ။ ကျွန်မမှာသူ့အတွက်ပြေးလွှားပြီး လက်မှတ်သွားထိုးပေးဖို့ အချိန်မရှိဘူး"

လင်းဖန်ဟာလည်း ယခုအချိန်တွင် တော်တော်ကို စိတ်သော‌ကရောက်နေရသည်။ သူက လျန်ဖေးဖေးနှင့် လွန်ခဲ့သောလအနည်းငယ်က ကွာရှင်းခဲ့သည်။ အကြောင်းအရင်းကတော့ လျန်ဖေးဖေးမှာ ကိုယ်ဝန်ရှိနေလို့ပါပဲ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now