Chapter - 40.1 [Uni+Zawgyi]

1.7K 186 2
                                    

Chapter 40.1

[T/N - Warning ပေးပါသည်။ သွေးကျဆေးသောက်ပြီးမှဖတ်ပါ 🙂 ]

ဒေါသ ၊ မုန်းတီးမှု ၊ သူမ အော်ဟစ်ပေါက်ကွဲပစ်လိုက်ချင်သည်။

" ချင်းချင်း၊ ချင်းချင်း ကိုယ်ပြောတာကို နားထောင်ပါဦး။" ရှန်ဟွရန် က သူမအနားကို တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

 
သူမ သူ့အား နောက်သို့ပြန်ဆုတ်ကာ ရှောင်ရှားလိုက်သည်၊ နေ့နေ့ညည တွေးနေမိတဲ့ သူမချစ်သူက ယုတ်မာပြီး အကျဉ်းတန်ပုံရသည်။ " နင်ဝေးဝေးသွား! ငါ့အနားကပ်မလာနဲ့။"

သူမပုံစံဟာ အရမ်းစိတ်ထိခိုက်နေပုံပေါ်သည်။

 
ထိုအတိုင်းပဲ ရှန်ဟွရန်ကလည်း သူ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။

ထိုအချိန်တွင် လင်ချင်းချင်း ၏ လက်ကိုင်ဖုန်းဟာ မြည်လာခဲ့သည်။ သူမ ဆဲလ်ဖုန်းကို ထုတ်လိုက်ပြီး လက်ချောင်းများကတော့ တုန်ရီနေခဲ့သည်။ ဖုန်းခေါ်ဆိုသူမှာ သူမ၏အစ်မဖြစ်သူဖြစ်ပြီး လင်းဖန် နှင့် လျန်ဖေးဖေး တို့က သူမကိုတွေ့ရန် ရောက်ရှိနေကြတာကြောင့် သူမဘယ်မှာရှိသလဲ ဘယ်အချိန်ပြန်လာမလဲဆိုတာ မေးမြန်းလို့နေသည်။

လင်ချင်းချင်း ဖုန်းကို ချလိုက်သည်။ သူမသည် လျန်ရှင်း ထံသို့သွားကာ သူမ၏လက်ကိုဆွဲ၍ လျှောက်သွားလိုက်သည်။ သူမက မကြာခဏ လေ့ကျင့်ခန်းလုပ်လေ့ရှိတာကြောင့် လျန်ရှင်း လုံးဝမခုခံနိုင်သည့် ခွန်အားသူမ၌ရှိသည်။ သူမ ငြိမ်းချမ်းရေး စားသောက်ဆိုင်သို့ တက္ကစီဖြင့် ပြန်လာခဲ့သည်။ လင်းဖန် နှင့် လျန်ဖေးဖေး တို့သည် မျှော်လင့်ထားသည့်အတိုင်း ရှိနေခဲ့ကြသည်။

သူမ ဝုန်းဒိုင်းကြဲဝင်လာခဲ့ပြီး ထိုသုံးယောက်လုံးဟာ ဘာဖြစ်နေကြမှန်း မသိကြပေ။ လင်ချင်းချင်း လျန်ရှင်းရဲ့ လက်ကို လွှတ်လိုက်ပြီး သူတို့အားအမြန်ပင်ပြောလိုက်သည်။ "မနေ့တုန်းက ကျွန်မရဲ့ အစ်မအကောင်းစားလေးဆီက ကျွန်မ ဘယ်ကိုအခေါ်သွားခံရလဲ ရှင်တို့သိလား? သူက ကျွန်မကို အရက်မူးအောင်တိုက်ပြီး ဆေးခပ်တယ်ပြီးတော့ ကျွန်မနဲ့ မရင်းနှီးတဲ့လူနဲ့တောင် အိပ်ခိုင်းခဲ့တယ်လေ။ အဲ့ဒါပဲလားဆိုတော့ မဟုတ်သးဘူး။ သူက ကျွန်မရည်းစားနဲ့တောင် လျှို့ဝှက်ပြီးခိုးစားလိုက်ကြသေးတယ်။ "

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now