Chapter - 52.1 [Uni+Zawgyi]

1K 117 1
                                    

Chapter 52.1 {Extra 3}

လင်ကျန်းကျန်း၏ ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းသွားခဲ့သည်။ သူမတွင် ဝူကျီ၏ အနမ်းကို တုံ့ပြန်ရန် အလိုလျောက်ဖြစ်ပေါ်လာသည့် အသိစိတ်သာ သူမတွင် ကျန်နေပုံရသည်။

အစပိုင်းမှာတော့ သူ့အနမ်းက နူးညံ့ပြီး ရှည်ကြာနေတာကြောင့် လူကို စိတ်တုန်လှုပ်သွားစေခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သူ့အနမ်းက ပို၍ပူလောင်လာပါတယ်။ သူ့ရဲ့အသက်ရှုသံပြင်းပြင်းကိုကြားပြီး သူမပါးပြင်တွေ လောင်ကျွမ်းနေသလို ခံစားရတယ်။

သူမလွတ်မြောက်ခင်အချိန်ထိ အချိန်ဘယ်လောက်ကြာသွားခဲ့မှန်းသူမမသိပေ။ သူသည်လည်း မောဟိုက်နေပြီး သူမသည်လည်း သူ့ရင်ခွင်ထဲ အားပျော့စွာ မှီနေမိသည်။

"မင်းရဲ့ မိသားစု မှတ်ပုံတင်ကို ယူလိုက်။"

"ဘာကို?" လင်ကျန်းကျန်းမှာ စိတ်နဲ့ကိုယ်မကပ်သေးပေ။

“အိမ်ထောင်စာရင်းမှတ်ပုံတင်လေ ကိုယ်တို့တွေ လက်ထပ်မှတ်ပုံ သွားလုပ်ကြရအောင်။”

“...”

သူမတို့တွေ အရင်စုံးစမ်းပြီးတွဲကြည့်သင့်တာ မဟုတ်လား? သူမတို့ရဲ့ ဆက်ဆံရေးကို အတည်မပြုခင်အထိ လက်ထပ်လက်မှတ်သွားလုပ်ဖို့ကို ဘယ်နှစ်ရက်လောက် အချိန်ယူရမလဲလို့ လင်ကျန်းကျန်း မကြာခင်ကပဲနည်းနည်း တွေးခဲ့မိတယ်။ သို့သော်လည်း ဝူကျီရဲ့ ရုတ်တရတ်အနမ်းကြောင့် သူမစိတ်တွေ ရှုပ်ထွေးသွားလားမသိ သူမ ငြင်းဆန်သည့် စကားတစ်ခွန်းမျှ မပြောမိခဲ့ပေ။ သူမသည် မှတ်ပုံတင်ကို အခန်းထဲသွားယူခဲ့ပြီးနောက် ဝူကျီနှင့်အတူ ပြည်သူ့ရေးရာဗျူရိုသို့ လက်ထပ်စာချုပ်လုပ်ကြရန် ပါသွားခဲ့သည်။

ပြည်သူ့ရေးရာဗျူရိုမှ ထွက်လာပြီးနောက် ဝူကျီသည် ငြိမ်သက်အေးဆေးနေပုံပေါ်ပါသေးသည်။ သူကနှစ်ယောက်သားရဲ့ လက်ထပ်စာချုပ်ကို အိတ်ထဲသို့ ထည့်ကာ တင်းတင်းကျပ်ကျပ် ချိတ်ပိတ်လိုက်သည်။ "ကိုယ်မင်းနဲ့အတူ ပြန်ပြီး မင်းပစ္စည်းတွေ ကိုယ့်အိမ်ကို ရွှေ့ကြမယ်"

အလုပ်ရပြီးနောက် ဝူကျီက သူ့မိသားစုနှင့် မနေထိုင်တော့ပေ။ သူကိုယ်တိုင် အပြင်မှာ အိမ်တစ်လုံးဝယ်ကာ နေခဲ့တာဖြစ်သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now