Chapter - 33.1 [Uni+Zawgyi]

2.3K 279 2
                                    

Chapter 33.1

လင်းချင်းချင်း ဖုန်းချပြီးနောက် ခဏလောက်ထိုင်နေခဲ့သည်။ မစ္စတာ ရီ က သူမကို ချိုသာတဲ့စကားလုံးလေးတွေ မပြောခဲ့ဘူးလို့ စောဒကတက်ချင်ပေမယ့် တစ်နည်းနည်းနဲ့ သူမတို့ရဲ့ တစ်ညလုံး အရူးအမူးဖြစ်ခဲ့ကြမှုကို ရူးသွပ်စွာ မတွေးမိပဲမနေနိုင်ပေ နောက်နေ့မနက်မှာလည်း အရူးအမူးဖြစ်ခဲ့ကြသေးပြီး နောက်ညဘက်မှာလည်း အရူးအမူးဖြစ်ခဲ့ကြပြန်သည်။ သူမအခု သေမတတ်ကိုရှက်ကာ နီမြန်းနေ‌ပါပြီ။

ချီချီ က ဒါကို လုံးဝ ထပ်ကြည့်မနေနိုင်တော့တာကြောင့် သူမအား ခေါင်းအုံးဖြင့် ပစ်ပေါက်ချလိုက်ပြီး ဆူပူတော့သည်။ "ညလယ်ကြီးမှာ နင်အိပ်မပျော်ရင်တောင် ဘာလို့ဟိုမှာထိုင်ပြီး တခစ်ခစ်ထိုင်ရယ်နေရတာလဲ?"

လင်းချင်းချင်း သည်လည်း သူမဟာ အနည်းငယ် အကြင်နာတရားမရှိဟု ခံစားမိလိုက်သည် မိုချင်းယန် မှာယခုလေးကပင် အသဲကွဲနေခဲ့သည်လေ။

ချီချီ က မိုချင်းယန် ၏ အိပ်ပျော်နေသော မျက်နှာလေးကို ကြည့်ပြီး လင်းချင်းချင်းအားကြည့်ကာ သက်ပြင်းရှည်တစ်ချက်ချရင်း " ဒါကအချစ်မှာကျရှုံးကြတဲ့အသက်အရွယ်ပဲဟ! "

လင်းချင်းချင်း ကပြောလိုက်သည်။ " ဒါကိုကြားရတာ နင်ကချစ်မရ‌တော့တဲ့ အသက်အရွယ်ရောက်နေတာကြနေတာပဲ နင်လည်း Single မဟုတ်ဘူးမလား? "

ချီချီ က ခေါင်းခါလိုက်ပြီး "ငါကယောက်ျားတစ်ယောက်နဲ့ကို အတူမရှိချင်တော့တာ၊ အခုပဲ သုတ်ပိုးဝယ်ဖို့ ပိုက်ဆံရှာချင်နေတာ ပြီးရင်တော့ ကလေးမွေးပြီး အနာဂတ်မှာ ကလေးပျိုးထောင်ဖို့ ပိုက်ဆံရှာရမယ်လေ အခုငါနေထိုင်တဲ့ ဘဝပုံစံပဲ။ "

 
"နင်နောက်အိမ်ထောင်ပြုမလို့မဟုတ်ဘူးလား?"

ချီချီ ကပြောလေသည်။ "ကမ္ဘာမှာနေထိုင်ဖို့ နင်လက်ထပ်စရာ မလိုပါဘူး"

 
လင်းချင်းချင်း က သူမပြောသည်မှာ အလွန်ကျိုးကြောင်းဆီလျော်သည်ဟု တွေးကာ ခေါင်းညိတ်လိုက်သည်။ သူမပျော်ရွှင်နေသရွေ့ သူမ နှစ်သက်တဲ့ နေထိုင်မှုပုံစံကို ရွေးချယ်နိုင်ပါတယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now