Chapter - 39.2 [Uni+Zawgyi]

1.7K 184 2
                                    

Chapter - 39.2

လင်ကျန်းကျန်းက သူမ၏ ပူပင်နေမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။ " နင်ဆိုင်ထဲကိုဝင်လာတုန်းက ဆေးလိပ်သောက်လာတာလို့ သူဌေးရဲ့ ဇနီးကပြောတယ် ပြီးတော့ စီးကရက်ကို လျှောက်မလွှတ်ပစ်ဖို့ကိုလည်း အထူးသတိပေးခဲ့တယ်တဲ့။ နင်ကသူမကို တမင်တကာ အရွဲ့တိုက်လုပ်လိုက်တာလို့ သူမက ပြောတယ်၊ သူတို့ အာရုံမရပဲ ထွက်သွားတဲ့အချိန်မှာ နင်က စတိုးဆိုင်ထဲက ဂတ်စ်အိုးဘေးကို စီးကရက်ကိုလွှတ်ပစ်ခဲ့တာတဲ့။ ကလေးကိုကယ်ခဲ့တာကကျတော့ နင့်ကြောင့်မီးလောင်ရတာမို့ ကိုယ့်ကိုကိုယ်အပြစ်ရှိလို့ဝင်လာတဲ့အသိတရားကြောင့်တဲ့ မဟုတ်ရင် ကိုယ့်အသက်အန္တရာယ်ကို ‌ထားပြီးဘယ်သူကကယ်မှာလဲတဲ့ "

လင်ချင်းချင်း သူမကြားခဲ့သည့်အရာများကို မယုံနိုင်ပေ သူမ၏အမြင် သုံးဖက်ကို ပြင်းထန်စွာ သက်ရောက်မှုရှိသွားကြောင်း သူမ ခံစားလိုက်ရသည်။

“ငါ ဆေးလိပ်မသောက်ပါဘူး။ ငါ ဆေးလိပ်ကိုဘယ်တုန်းကမှ မသောက်ဖူးဘူးဆိုတာ နင်သိပါတယ်"

 
ထိုအချိန်တွင် လင်းဖန်က အလွန်ဒေါသထွက်နေသော်လည်း သူက သူမအား လေသံပျော့ဖြင့် နှစ်သိမ့်ဆဲဖြစ်သည်။ "စိတ်မပူပါနဲ့ ရဲတွေက ရှင်းရှင်းလင်းလင်းစုံစမ်းပြီးရင်တော့ တရားမျှတမှုရှာပေးမှာပါ"

လင်ချင်းချင်းမှာ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက လူများကိုကယ်တင်ရန်အတွက် ပြိုင်ပွဲတွင် ပါဝင်ရန်အခွင့်အရေးကို လွဲချော်ခဲ့ရသည်။ သူမမှာ လည်ချောင်းဒဏ်ရာရသွားခဲ့ရုံသာမက ပြန်ကောင်းနိုင်မလားဆိုတာကလည်း ပြောဖို့ခက်နေပါသေးတယ်။ သူမရဲ့ ခြေသလုံးမှာလည်း ဒဏ်ရာရသွားခဲ့ပြီး အမာရွတ် ကျန်ခဲ့မလားဆိုတာ မပြောနိုင်ပါဘူး။ ကံကောင်းထောက်မစွာဖြင့် ကလေးကို ကယ်တင်လိုက်နိုင်တဲ့အခါ သူမ စိတ်သက်သာရာရခဲ့သော်လည်း သူမက လူများကို ကယ်တင်ဖို့ ရည်ရွယ်ချက်ကောင်းဖြင့်လုပ်ခဲ့သော်လည်း မီးရှို့မှုသံသယရှိသူအဖြစ် သတ်မှတ်ခံရမည်ဟု သူမမထင်ထားခဲ့ပေ။

သူမ ရက်အတော်ကြာ ကြက်သေသေနေခဲ့ပြီး ရှန်ဟွရန် သူမထံသို့လာကြည့်စဉ်တွင် သူမမှာသူ့အား ဘာမှပြန်မပြောနိုင်ဘဲ ကြောင်အလို့နေခဲ့ဆဲဖြစ်သည်။ အဲဒီ့နောက်မှာတော့ သူမအသံအနည်းငယ် ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူမက မီးရှို့မှုသံသယရှိသူအဖြစ် ရဲစုံစမ်းစစ်ဆေးရေးဗျူရိုသို့ ခေါ်ဆောင်သွားခံခဲ့ရသည်။ ။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now