Chapter - 13.2 [Uni]

4.9K 749 25
                                    

- ရီဇီယန် : "မင်းကိုယ့်ကိုကြိုက်တယ်??"

ရီချန်း Group သည်လည်း ရှင်းကျန်း ခရိုင်တွင်ရှိပြီး ချင်းချင်းစတူဒီယို နှင့် သိပ်မဝေးသောအရပ်တွင်ရှိသည်။ ရီချန်း Group ရဲ့ ပုံပန်းသဏ္ဍာန်ကို သူမ သိချင်ခဲ့သော်လည်း ထိုကဲ့သို့ ကြီးကျယ်ခမ်းနားသော အဆောက်အဦးကြီးဖြစ်လိမ့်မယ်လို့ သူမ မျှော်လင့်ခဲ့ပေ။ အဆောက်အဦတစ်ခုလုံးမှာ ပေကျင်း ရှိအဖွဲ့၏ရုံးခန်းနေရာဖြစ်ပြီး ၎င်းမှာ တကယ်ကို အထက်တန်းကျကျနေရာပဲဖြစ်သည်။

ရီဇီယန် အလုပ်များနေမှန်း လင်ချင်းချင်း သိတာကြောင့် သူမ သူ့အား မနှောင့်ယှက်ခဲ့ပေ။ သူမ ယခင်က တွေ့ဆုံခဲ့ဖူးသော ရီဇီယန် ၏ ကားမောင်းသူလည်းဖြစ် လက်ထောက်လည်းဖြစ်တဲ့ ဟွာ့ရိကိုသာ တိုက်ရိုက်ဆက်သွယ်ခဲ့သည်။

"မဒမ် ၊ ရှောင်ယွမ် ကျေးဇူးပြုပြီး ဒီကိုလာပါ။ ဥဣဠက အခုအစည်းအဝေးထဲရောက်နေပါပြီ။ သူ့ကိုစောင့်ဖို့ သူ့ရုံးခန်းစီ ခေါ်သွားပေးပါ့မယ်။"

ရီဇီယန်ရဲ့ရုံးခန်းကိုရောက်ဖို့ရာ အစည်းအဝေးခန်းကို ဖြတ်သွားရပါတယ်။ အံ့သြစရာကောင်းစွာပဲ အစည်းအဝေးခန်းမှအခန်းတံခါးက မပိတ်ထားတာကြောင့် လင်းချင်းချင်းက အရှေ့မှာထိုင်နေတဲ့ ရီဇီယန် ကိုမြင်လိုက်ရလေတယ်။

သူက ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး အကျီလက်များကို တံတောင်ဆစ်အထိ လိပ်လို့တင်ထားကာ လက်များအား စားပွဲအစွန်းထိ ဆန့်တန်းလို့ထားသည်။ သူ့လက်နှစ်ဖက်ကို ထုတ်ဖော်ပြသရင်းနှင့် သူကပြင်းထန်တဲ့ ခွန်အားကို ထုတ်ဖော်ပြသလို့နေပါတယ်။

သူကခေါင်းငုံ့ကာ ဝန်ထမ်းများအား ပြုံးပြုံးလေးဖြင့် ကြည့်လိုက်သည်။ သို့သော် သူ၏ဂုဏ်သိက္ခာနှင့် ခံ့ညားထည်ဝါသော အငွေ့အသက်မှာ အလွန်ပြင်းထန်သဖြင့် အစည်းအဝေးခန်းအတွင်းရှိ လေထုသည် အလွန်လေးလံလာပြီး မည်သူကမျှ စကားမပြောဝံ့ကြပေ။

ရုတ်တရက် သူက စာရွက်စာတမ်းကို စားပွဲပေါ်သို့ ရိုက်ချလိုက်ပြီး "ဒါက မင်းပေးခဲ့တဲ့ စျေးကွက်ပေါင်းစပ်မှု အစီရင်ခံစာလား?"  သူ့အသံတွင် ကဲ့ရဲ့ခြင်းအရိပ်အမြွက်တစ်စိုးတစိမျှ မရှိဘဲ မျက်နှာပြင်ပေါ်တွင် ရိုးရှင်းတဲ့ စုံစမ်းမေးမြန်းမှုတစ်ခုသာ ရှိပုံရသည်။ သို့သော် သူပြောသည့် စကားလုံးတိုင်းသည် လူများကို တိုက်ရိုက်ထိခတ်စေသော ပြင်းထန်သည့် ခံစားချက်များဖြင့် ပြည့်နှက်လို့နေသည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now