Chapter - 30.1 [Uni+Zawgyi]

2.9K 372 11
                                    

သူမသူ့ကိုပြောပြချင်နေခဲ့တာ တော်တော်ကိုကြာပါပြီ...ဒါပေမယ့် သူ့ခင်ပွန်းက သိပ်ကိုခံ့ညားတယ်လို့ ပြောဖို့ရာ သတ္တိမရှိပေ သူ့ရဲ့အရှိန်အဝါက သူမကို မလှုပ်ရဲအောင်ချုပ်ကိုင်ထားတာမို့ သူမသူ့အား မဟုတ်တာတွေသွားမလုပ်ရဲပေ။ စိတ်ထဲမှာတော့ သူ့အပေါ်မဟုတ်တာတွေ တွေးနေမိပင်မယ့်လည်းပေါ့...

ယခုမူ ဝိုင်ကြောင့်ဖြစ်နိုင်သည် သူမ၏ခေါင်းမှာ ချာချာလည်လို့နေပြီး၊ သူမ ယခင်ကကဲ့သို့ မသိစိတ်က သူ့အား လေးစားသည့်ခံစားချက်များလည်း မရှိတော့ပေ။ သူမရဲ့ မဟုတ်တရုတ်ဆန္ဒတွေအား ပြင်းပြင်းထန်ထန် ထုတ်ဖော်လုပ်ချင်နေသည်။ သူမရဲ့နှလုံးခုန်နှုန်းမှာ မြန်နေပေမယ့် သူမဒီလိုလုပ်လို့မရဘူးဆိုတာကို သူမကိုယ်သူမပြောကာ တားနိုင်စရာအကြောင်းမရှိခဲ့ပေ။

သူမ ခေါင်းလေးကိုငုံ့ကာ သူ့ပခုံးပေါ် နဖူးဖြင့် မှီပြီးပြုံးကာပြောလိုက်သည်။ "ဇီယန် ရှင်သိလား၊ ကျွန်မရှင့်ကို အရမ်းကြိုက်တယ်"

"အမ်?" သူက သူမ၏ မေးစေ့လေးကို လက်ဖြင့် မြှောက်ပင့်လိုက်ပြီး သူမကို ကြည့်လိုက်သည်။ "မင်းဘာပြောလိုက်တာလဲ?"

သူ့မျက်နှာမှာ ယခင်ကထက်ပင် ပို၍ ခံ့ညားလို့နေပုံရပြီး သူ့မျက်လုံးများကလည်း ထိုးဖောက်နိုင်သည့် စူးစူးရှရှ အရာကဲ့သို့ဖြစ်နေသည်ကို လင်းချင်းချင်းမြင်လိုက်ရသည်။ သူမအရက်မူးကာ ရီဝေဝေဖြစ်နေပေမယ့် သူ့ကြောင့် ထိတ်လန့်သွားခဲ့တယ်။ သူမ မသိမသာ တံတွေးမျိုချလိုက်ပြီး " ကျွန်မပြောခဲ့တာက ကျွန်မရှင့်ကိုကြိုက်တယ် လို့ပါ ဇီယန်" လို့ သတိကြီးကြီးနဲ့ ပြောလိုက်တယ်။

ဘာဖြစ်လို့လဲ? သူမသူ့ကို ကြိုက်လို့မရဘူးလား? သူငါ့ကိုဘာလို့ဒီလိုကြီးပဲလာစိုက်စိုက်ကြည့်ချင်နေရတာလဲ?

ရီဇီယန်က သူမကိုကြည့်လိုက်တဲ့အခါ သူမမျက်လုံးတွေက မူမမှန်ဘူးဆိုတာ သိသာထင်ရှားစွာ တွေ့လိုက်ရပြီး သူစားပွဲပေါ်အား လှမ်းကြည့်လိုက်တယ်… ဝိုင်က အရမ်းပြင်းနေတာလား? သူမကလည်း သိပ်မသောက်ခဲ့ပါဘူး။

"မင်းမူးနေတာလား?"

လင်းချင်းချင်း ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။ သူမ သူမရဲ့အမူအရာကို ပိုမိုလေးနက်စေကာ သူမ၏မျက်လုံးများကို အာရုံစူးစိုက်နိုင်အောင်ကြိုးစားကာ သူ့ကိုစိုက်ကြည့်ပြီး "ကျွန်မအမှန်တိုင်းပြောနေတာ" လို့ လေးလေးနက်နက်ပြောခဲ့တယ်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now