Chapter - 39.3 [Uni+Zawgyi]

1.6K 189 2
                                    

Chapter - 39.3

သူမ ရူးသွပ်နေပြီဟု ခံစားမိသော်လည်း သူမက တကယ်ပူလောင်လို့နေပြီး စိတ်မသက်မသာဖြစ်နေကာ သက်သာရာရရန် တစ်ခုခု လိုအပ်နေပါသည်။ သူမ နီးကပ်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်က သန်မာပြီး ပျော့ပျောင်းကာ နူးညံ့သည့် သူမ၏ ခန္ဓာကိုယ်နှင့် မတူကြောင်း ခံစားလိုက်ရကာ ဒါက သူမရဲ့ဆန္ဒကို ချက်ချင်းဆိုသလို အမြင့်ဆုံးသို့ ရောက်ရှိသွားစေသည်။ သူမသည် သူ့ကို မှီတွယ်၍ အဝတ်အစားများကို ချွတ်ကာ အမောတကောနှင့် သူ့အဝတ်များကို ဆွဲတော့သည်။

သူမ သူ့ကို ချစ်ချင်သည်၊ သူနှင့် ပိုရင်းနှီးချင်သည်။  သူ့ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွားခဲ့ပြီးနောက် သူကသူမလက်ကို ဆုပ်ကိုင်လိုက်ကာ သူ့အသံမှာ အနည်းငယ် ဩရှရှဖြစ်လို့နေသည်။ "ဒီလို မလုပ်နဲ့၊ ကိုယ်မင်းကိုဆေးရုံလိုက်ပို့ပေးမယ်"

 
"မဟုတ်ဘူး ငါဆေးရုံမသွားချင်ဘူး"

သူမကို ဒီလိုမျိုးဖြစ်နေတာကို တခြားသူတွေကို မမြင်စေချင်ဘူး။ သူမ၏ ခန္ဓာကိုယ်မှာ ပင်ကိုယ်စရိုက်နှင့် ကင်းကွာနေသော်လည်း အသိအနည်းငယ်တော့ ရှိသေးသည်။ ဒီအချိန်မှာ သူမ လုံးဝ ပုံမှန်ဟုတ်မနေမှန်း သူမ သိသည်။ ဆေးရုံမှာ လူတွေပြည့်နေတယ်၊ သူမကို ဒီလိုမျိုး အမြင်မခံချင်ဘူး။ အခုသူမက သူမရဲ့မသက်မသာဖြစ်မှုကို သက်သာချင်ရုံပါပဲ၊ တကြိမ်တည်းနဲ့ ချက်ချင်းပေါ့!

သူမ မျက်နှာကို သူ့မျက်နှာနှင့် ဖိကပ်လိုက်သည်နှင့် သူမကိုကပ်တွယ်ချင်လာအောင် လုပ်သည့် သူ့ခန္ဓာကိုယ် ရနံ့သင်းသင်းလေးကို သူမရလိုက်ပြီး ပွတ်သာပွတ်သပ်နေချင်လာသည်။ ရုန်းကန်နေချိန်မှာ သူ့အဝတ်အစားတွေက သူမကြောင့် စုတ်ပြဲသွားခဲ့တယ်။ သူမ ထလိုက်သည် သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အပူများ သက်သာသွားပုံရသည်၊ သို့သော် မလုံလောက်သေးပေ သူမ ပို၍ လိုအပ်သည်။

သူမ သူ၏ညည်းတွားသံကို ကြားလိုက်ရပြီး သူ့အသံက ဩရှရှဖြစ်လွန်းလှသည်။ "လင်းချင်းချင်း၊ ဒီလိုမလုပ်နဲ့ မင်းနိုးထသင့်ပြီ။" [သင်ကိုယ်တိုင်နိုးထရမယ့်အချိန်ရောက်လာပြီဖြစ်သည် 😆]

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now