Chapter - 13.1 [Uni]

5K 709 23
                                    

- ရီဇီယန်: "မင်းကိုယ့်ကိုကြိုက်တယ်?"

နောက်နေ့ သူမအိပ်ရာက နိုးလာတော့ သားအဖနှစ်ယောက်မှာ ထွက်သွားနှင့်ကြပါပြီ။

လင်ချင်းချင်းရဲ့ ပထမဆုံး အတွေးမှာ လည်ဆွဲအကြောင်းဖြစ်ပြီး ပြုပြင်နိုင်မလား ဆိုတာကို သူမ သိချင်နေခဲ့သည်။ မနက်စာစားပြီးနောက် သူမရတနာဆိုင်သို့ တက္ကစီစီးပြီးထွက်လာခဲ့သည်။  ကျေးဇူးတင်ဖို့ကောင်းစွာနဲ့ပဲ လက်ဝတ်ရတနာမှာ ပြုပြင်လို့ရဆဲဖြစ်သည်။ သို့သော်လည်း မူလပုံစံအတိုင်းတော့ ပြန်မရနိုင်ကြောင်း စာရေးက သူမအား ပြောပြခဲ့သည်။  'ပြင်လို့မရတာမှမဟုတ်တာ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး' လို့ သူမက ပြန်ပြောခဲ့ပါတယ်။

အိမ်ပြန်ရောက်တာနဲ့ပဲ သူမရဲ့အလုပ်ရုံထဲ အလုပ်ရှုပ်နေခဲ့ပြန်ပါတယ်။ သိပ်မကြာခင်မှာပဲ အိမ်အကူက တံခါးခေါက်လာခဲ့ပြီး အမြန်အချောပို့အထုပ်တစ်ထုပ်ကို လာပို့ပေးခဲ့သည်။  သူမဖွင့်ကြည့်လိုက်တော့ အဲဒါက ဂီတကုမ္ပဏီတစ်ခုရဲ့ ငြင်းပယ်စာတစ်စောင်ဆိုတာ‌ တွေ့လိုက်ရသည်။

သူမမှာ ဘာမှလုပ်စရာမရှိသည့်အခါ ဂီတကုမ္ပဏီများထံ စာမူတွေရေးစပ်ပြီး ပေးပို့ခဲ့ပုံရသည်။ ဒါပေမယ့် အားလုံးမှာ ပယ်ချခဲ့ရကြောင်း ထင်ရှားပါသည်။ သူမ အရမ်းကိုမှ စိတ်ဓာတ်ကျနေခဲ့တာ ဒါတွေအငြင်းခံရတာကြောင့်လား? ဒီတော့ သူမဟာ ကိုယ့်ကိုယ်ကို သံသယစိတ်တွေနဲ့ ဖိနှိပ်မြိုချပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့တာလား?  သူမကိုယ်သူမ အပြစ်တင်လေလေ၊ စိတ်ဓာတ်ကျလေလေ၊ နောက်ဆုံးတွင်တော့ အမြဲဒီမကောင်းတဲ့စက်ကွင်းသံသရာထဲလည်ပတ်နေခဲ့ရတာလား ?

သို့သော်လည်း မှတ်ဉာဏ်ပျောက်ဆုံးမှုကြောင့် သူမရဲ့ စိတ်အခြေအနေတွေက များစွာပြောင်းလဲလို့သွားခဲ့သည်။ ယခုတော့ သူမ အငြင်းခံရလည်း သူမရဲ့မျက်နှာထက်တွင် လွန်စွာငြိမ်သက်လို့နေပါသည်။

လင်ချင်းချင်းက ငြင်းဆိုလွှာကို တိတ်တဆိတ် ဘေးသို့ဖယ်ပို့ထားလိုက်ပြီး နောက်တစ်ကြိမ် ထပ်ရေးလိုက်သည်။  ခဏကြာတော့ အိမ်အကူက တံခါးကို နောက်တစ်ကြိမ် ထပ်မံခေါက်လာခဲ့တယ်။  သူမရဲ့ မျက်နှာထက် အနည်းငယ် အဆင်မပြေဖြစ်လို့နေပြီး သူမ(လင်ချင်းချင်း) မှာ ယခင်က သူမရဲ့ အကျင့်စရိုက်ဆိုးကြောင့် ထိုအိမ်အကူအား ကြောက်လန့်စေခဲ့သည်ကို ခန့်မှန်းလိုက်မိပါသည်။ လင်ချင်းချင်းက သူမကို သက်တောင့်သက်သာဖြစ်စေဖို့မျှော်လင့်ရင်း “ဘာကိစ္စရှိလို့လဲ” ဟု ညင်သာစွာ မေးလိုက်သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now