Chapter - 16.1 [Uni]

4.6K 658 7
                                    

သူ့လက်က အလွန်နွေးထွေးပြီး အကြောင်းတခုခုကြောင့်တောင့်တင်းနေလေသည်။ သူသူမလက်ကိုလှမ်းကိုင်လိုက်တဲ့အချိန် သူမသည်လည်း အကြောင်းအရင်းမရှိ ပိုပြီးစိတ်လှုပ်ရှားလာခဲ့သည်။ လင်ချင်းချင်းမှာ ထိုကဲ့သို့သော ခံစားချက်ကို ခဏဖိနှိပ်ထားသင့်သည်ဟု ခံစားမိသောကြောင့် သူမသားငယ်လေးအား ချက်ချင်းလှမ်းဆွဲကိုင်လိုက်ကာ သူ့လက်လေးအား တင်းတင်းဆုပ်ကိုင်လိုက်သည်။

ရှောင်ယွမ်ရဲ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် သူမအတော်လေးကို သက်သောင့်သက်သာ ဖြစ်လာခဲ့ပါတယ်။

ကျန့်ရှုရှီ က တံခါးဝမှာ ရပ်နေတာကြောင့် သူတို့ သုံးယောက်စလုံး သူမကို အရင်နှုတ်ဆက်ဖို့ရာ လာခဲ့ကြတယ်။ သူမရဲ့ ချစ်စဖွယ်မြေးလေးကို မြင်တွေ့ရတော့ သူမအရမ်းကိုပျော်နေခဲ့ပြီး သူမရဲ့ မျက်နှာပေါ်မှာလည်း ကြည်နူးမှုတွေက အထင်အရှားပါပဲ။ " ဒီကိုလာဖို့ ကခက်တာကိုကွယ်။ ဝင်ကြ ဝင်ကြ။ "

သူမက ထိုသုံးယောက်အား အထဲသို့ ဦးဆောင်ပြီးခေါ်လာခဲ့သည်။ သူတို့ဝင်လိုက်ချင်းပဲ ချန်းယင် နဲ့တွေ့လိုက်ရလေတယ်။

ချန်းယင် က သူတို့ကို ပြုံးပြပြီးပြောလိုက်တယ်။ "ညစာက အဆင်သင့်ဖြစ်နေပါပြီ။ ဇီယန်ကောနဲ့ ရှောင်ယွမ်တို့ လက်ဆေးပြီး ညစာစားဖို့ ပြင်တော့နော်။ " သူမက လင်ချင်းချင်းကိုကြည့်လိုက်တဲ့အခါ သူမနှင့်ရီဇီယန်တို့လက်ချိတ်ထားကြသည်အားမြင်တွေ့လိုက်ရလေသည်။ သူမ ထိတ်လန့်သွားပုံပေါ်သော်လည်း ခဏတာမျှသာဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းပဲ သူ့ကိုယ်ပိုင်ဟန်သို့ ပြန်ရောက်ရှိသွားကာ နူးညံ့သိမ်မွေ့တဲ့ အပြုံးတစ်ခုက သူ့မျက်နှာထက် ပေါ်လာခဲ့သည်။ " ချင်းချင်းနင်ကဒီကိုသိပ်မလာတတ်လို့ ပိုစားရမှာနော်။ "

လင်ချင်းချင်း စကားပြန်မပြောခင်မှာပဲ သူမနောက်မှစကားပြောသံတစ်ခုကိုကြားလိုက်ရသည်။ "ဘာလို့ ဒီလောက်ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းတွေရှိနေတာလဲလို့ သိချင်နေတာ။ လက်စသတ်တော့ ရီဇီယန် ရောက်လာလို့ကို။"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now