Chapter - 26.3 [Uni+Zawgyi]

3.3K 447 9
                                    

တကယ့်ကို ထူးဆန်းပါတယ်။  သူမတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အတည်ပြုပြီး သူမတို့ရဲ့ အချစ်ရေးကို ပြန်လည်စတင်ခဲ့ကြပေမယ့် သူ့နာမည်ကိုကြားတာနဲ့တင် လင်ချင်းချင်းမှာ သူမရဲ့ နှလုံးခုန်နှုန်းတွေ မြန်လာသလို ခံစားလိုက်ရပါတယ်။ မသိစိတ်က ပိုနားထောင်ဖို့ရာ နားရွက်ဆန့်ထားလိုက်မိတယ်။

"ရီချန်း Group က မစ်စတာရီကလည်း ဒီနေ့ ဒီကိုလာမယ်လို့ ကြားတယ်။"

"မဖြစ်နိုင်ပါဘူး၊ မစ္စတာရီက ဒီလိုပွဲလေးကို တက်ရောက်ပါ့မလားဟ။"

"ငါလည်းမသိဘူးလေ၊ သူဖိတ်စာရတယ်လို့တော့ပြောသံကြားတယ်။"

"အဲ့ဒီလူငယ်လေးနဲ့တွေ့ဖို့ ကျွန်မ တကယ်ကို မျှော်လင့်နေမိတယ်၊ သူက ဒီနယ်ပယ်မှာ ချောမောခံ့ညားတဲ့ ယောက်ျားတစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရတယ်လို့ ပြောလို့လည်းရတယ်။"

" အဲ့ဒါတော့ဟုတ်‌တယ်။ ငယ်တယ်၊ ချောတယ်၊ ချမ်းသာတယ်။ ဒီအသိုင်းအဝိုင်းထဲမှာ အိမ်ထောင်မရှိသူပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ်၊ လူတွေဘယ်နှယောက်လောက်တောင်များသူ့အကြောင့်တွေးနေကြလဲနင်မသိပါဘူး။"

"ဒါပေမယ့် သူလက်ထပ်ထားပုံရတယ်လို့ ငါကြားတယ်"

"သေချာတဲ့သတင်းဆ်ိုတာတော့ မရှိပါဘူး။ သူအိမ်ထောင်ရှိ၊ မရှိ ဘယ်သူကသိမှာလဲဟ။"

ထို့နောက် သူမတို့က ညစ်ညမ်းတဲ့ဟာသအချို့ကို ဆက်လက်ပြောနေခဲ့ကြတာကြောင့် လင်ချင်းချင်း သည်းခံပြီးနားမထောင်နိုင်တော့ပေ။ သို့သော်လည်း သူမမမျှော်လင့်ထားသည့်အရာကတော့ ရီဇီယန်ကလည်း ထိုပွဲရဲ့ဖိတ်ကြားချက်တစ်ခု လက်ခံရရှိခဲ့တယ်ဆိုတာကိုပါပဲ။ လွန်ခဲ့သည့် နှစ်ရက်ကသူ သူမအား ပြောမပြခဲ့ဘူး။

သူမက မိုချင်းယန် နှင့် ချီချီ ကိုသွားရှာလိုက်သည်။ အခုလေးတင်ပင် သူဌေးတစ်ဦးက ကြော်ငြာတစ်ခုတွင် သူမနှင့် ပူးပေါင်းချင်ခဲ့သည်။ လင်ချင်းချင်းက မိုချင်းယန် ကိုသူ့အားတွေ့ရန် သွားခေါ်ကာ တစ်ပါတည်းပင် ချီချီးကို သူ့အားအကဲခတ်စစ်ဆေးရန် ခေါ်လာခဲ့ဖို့ပင် ကြံလိုက်သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now