Chapter - 59.3[Uni+Zawgyi] Complete ✅

2K 132 4
                                    

Chapter - 59.3 {Extra 10}

သူမက အရသာရှိတဲ့အစားအစာတွေ၊ ပေကျင်း မှာရှိတဲ့ သရေစာတစ်မျိုးမျိုးနဲ့ ကြွပ်ကြွပ်မွှေးကြိုင်နဲ့ ဦးရေပြားထုံသွားတဲ့အထိ ဆော့က အရမ်းမွှေးတယ်လို့ သူမက ပြောပြပါတယ်။ ဦးရေပြားကို ထုံသွားအောင် မွှေးနေတဲ့ ခံစားချက်က ဘယ်လိုမျိုးလဲ?

သူမသည် သူ့ကို နှင်းလျှောစီးရန် ခေါ်သွားကာ တောင်ပေါ်မှ လျှောချကာ ပြုတ်ကျသွားသည့်အခါ အော်ဟစ်ပစ်မည်ဟုလည်း ပြောခဲ့သည်။

ငိုနေရင်းနဲ့တောင် သူမရဲ့ သီချင်းဆိုသံက အရမ်းကို နားထောင်ကောင်းသည်။

သူတကယ်သေသွားမှာကိုကြောက်ရွံ့နေခဲ့တယ်။ သူမကသူနဲ့ စကားဆက်ပြောပြီး စိတ်ဝင်စားစရာနေရာတွေ အများကြီးသိတယ်လို့ဆိုကာ ပြောပြခဲ့တယ်။

ဟိုးအဝေးကြီးက တစ်နေရာဖြစ်ပြီး ဒါပေမယ့်ထိုနေရာမှာ ပန်းတွေပွင့်ပြီး လိပ်ပြာတွေ ပျံဝဲနေတယ်တဲ့။

တကယ်ပဲ အဲ့လိုလှပတဲ့ နေရာတစ်ခုက ရှိပါရဲ့လား?

ပန်းပွင့်ဖြူလေးတွေပွင့်လန်းနေတဲ့ မြက်ခင်းပြင်ပေါ်တွင် သီချင်းဆိုနေသည့် မိန်းကလေးငယ်တစ်ဦးကို သူမြင်လိုက်ရသည်။ သူမရဲ့ သီချင်းဆိုသံက တေးဆိုငှက်လေး သီဆိုနေတဲ့အတိုင်းပါပဲ။

အဲဒီအချိန်မှာ မောပန်းနွမ်းနယ်ပြီး ဘဝကို တောင့်တပြီး စိတ်ထဲကနေ ရုန်းထွက်ပြီး သူ့ဘဝကို ဒီလိုအဆုံးသတ်ချင်ပေမယ့် ရုတ်တရက် အမြင်အာရုံတစ်ခုရသွားခဲ့ပြီး ပန်းတွေ ပွင့်နေတဲ့နေရာကို မြင်ချင်လာတယ်၊  လှပသော သီချင်းဆိုသံဖြင့် ကလေးမလေးနှင့် တွေ့ဆုံချင်လာခဲ့သည်။

သူမသူ့အတွက် စိတ်မကောင်းမဖြစ်စေချင်သလို သူ သူမရဲ့ငိုသံကိုလည်း မကြားချင်ဘူး။

သူအသက်ရှင်ချင်သည်။ သူတစ်ခါမှမကြုံခဲ့ဖူးတဲ့ လှပတဲ့ကမ္ဘာကြီးကို မြင်ချင်နေခဲ့တယ်။ သူ့ကမ္ဘာမှာ ပေါ်မလာတဲ့ လှပတဲ့ သူမနဲ့ တွေ့ချင်ခဲ့တယ်။

ကလေးမလေးကလွဲရင် လူတိုင်းက အဲဒီညက သူ့ကိုသေမယ်လို့ ထင်နေခဲ့ကြတယ်။ သို့သော် သူကိုယ်တိုင်ကပင် အသက်ရှင်မည်ဟု မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမယ့် သူမသေဘဲ အန္တရာယ်အရှိဆုံးကာလကို ကျော်ဖြတ်နိုင်ခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now