Chapter - 38.3 [Uni+Zawgyi]

1.9K 232 2
                                    

Chapter - 38.3

သူမရဲ့ ခန္ဓာကိုယ်နှင့်ရင်ထဲ လောင်ကျွမ်းသွားခဲ့သည်။ သူမ အလွန်ဝမ်းနည်းနေသော်လည်း ထိုနေရာတွင် ငြိမ်သက်စွာသာ ရပ်နေခဲ့သည်။ ဟုတ်ပါတယ်၊ သူအပေါ်ထပ်မှာ မတ်တပ်ရပ်နေတာကို သူမမြင်ခဲ့ပြီး သူ့ကိုမထိန်းနိုင်ပဲ သွားတွေ့ခဲ့မိတာပါ။ သူသည် သူမကို ရွံရှာကြောင်း သူမမြင်တာကြောင့် သူသောက်နေသော ဝိုင်ကို သောက်ခြင်းဖြင့် သူ့ကို ဆန့်ကျင်ချင်ခဲ့သည်။ ငယ်ငယ်ကတည်းက သူမကသူ့ကို ဆန့်ကျင်ရတာကို ကြိုက်ခဲ့တယ်။ မင်းမြင်နိုင်ပါတယ်၊ သူကပို၍ပင် သူမအကြောင်းကို သိလို့နေပြီး သူ့ထောင်ချောက်ထဲကို ခြေလှမ်းတစ်လှမ်းချင်း လှမ်းကာဝင်လာဖို့ လမ်းကြောင်းခဲ့တယ်။

သို့​သော်​လည်း သူမ သူ့အကြောင်းကို သိခဲ့ရဲ့လား။ သူမက သူ့ကို အမှန်တကယ်ပဲ နားမလည်ခဲ့တာပဲဖြစ်သည်။ သိပ်ကိုယဉ်ကျေးသိမ်မွေ့ကာ သန့်စင်ပြီး ပျူငှာတဲ့သူက ချက်ခြင်းပဲ သေဆုံးသွားပြီး သူမအဖေသေဖို့ကိုတောင် ဖိအားပေးတတ်တဲ့လူမျိုး ဘာလို့များဖြစ်လာရတာလဲ?


သူမသည် သူ့ကို ဘယ်တုန်းကမျှ တကယ်နားမလည်ခဲ့တာပေ။ သူကဘယ်တော့မှ နှလုံးသားနူးညံ့မှာမဟုတ်ဘူးဆိုတာ သူမသိပေမယ့် သူ့ရဲ့ရက်စက်ကြမ်းကြုတ်မှုကိုတော့ သူမတကယ်ကို မသိနားမလည်ခဲ့ဘူး။

"မင်းသိပြီးသားလို့ ငါထင်တယ်၊ ငါက လူတွေကို ဒီလိုပဲ ဆက်ဆံတဲ့နေရာမှာတော်တယ်လေ။" ထို့နောက် သူကလူများကို လုရှို့ယွမ်အား ကြိုးဖြေဖို့ခိုင်းလိုက်ပြီး "ညတာက သိပ်ရှည်ပါတယ်၊ ပျော်လိုက်ပါ။ မင်းရဲ့အစ်ကို မင်းရဲ့ အရှက်မဲ့တဲ့ ဖျော်ဖြေမှုတွေပြလိုက်နော်။ အံ့သြဖွယ်ကောင်းလိမ့်မယ်လို့ငါထင်ပါတယ်။" သူ၏ လေသံမှာ ပြေပြစ်လို့နေပြီး သက်သောင်ဖြင့် ရာသီဥတုကသာယာတာပဲ လို့ပြောနေသလိုကို သဘာဝကျလှသည်။


ထို့နောက်တွင်တော့ သူက ထိုစကားကို ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။ လုဝမ်ချန်း စိတ်နဲ့ကိုယ်နဲ့ပြန်ကပ်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ " ရီဇီယန် နင်ငါ့ကို ဒီလိုလုပ်လို့မရဘူး!"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now