Chapter - 1 [Uni]

11.2K 728 6
                                    

- ငါးနှစ်အကြာမှနိုးထလာခြင်း

လင်ချင်းချင်း ကထရိန်နင်အခန်းမှထွက်လာချင်းချင်း ရှန်ဟွရန် ထံမှဖုန်းခေါ်ဆိုမှုအားလက်ခံရရှိခဲ့တယ်။ ဖုန်းအခြားတစ်ဖက်ကအသံကပုံမှန်အတိုင်းသာယာပြီးအသံနိမ့်လေးနှင့်ဖြစ်တယ်။

"မင်းမနက်ဖြန်ပြိုင်ပွဲရှိတယ်။ မင်းစိတ်လှုပ်ရှားနေလား? "

လင်ချင်းချင်း ကပျော်ရွှင်မှုများနှင့်ပြည့်နှက်နေပြီးရယ်ရယ်မောမောနှင့်ထိုလူအားပြန်လည်ပြောခဲ့တယ်။ " စိတ်မလှုပ်ရှားပါဘူး။ ပြိုင်ပွဲပြီးရင်သာငါ့ကိုကျွေးမွေးဖို့သတိရပါ "

ရှန်ဟွရန် ကကူကယ်ရာမဲ့အပြုံးတစ်ချို့တပ်ဆင်ထားပုံရတယ်။ သူကအမြဲဝေးကွာနေခဲ့ပေမဲ့သူ့အပြုံးမှာအမှတ်ရစေတဲ့အရာတစ်ခုပါရှိလေတယ်။ "စိတ်ချပါ၊ ကိုယ်မင်းကိုလျစ်လျူရှုမှာမဟုတ်ဘူး" သူကခဏရပ်လိုက်ပြီးဖြောင့်ဖြောင့်တန်းတန်းလေသံဖြင့်ထပ်ပြောတယ်။ " ချင်းချင်း၊ ပြိုင်ပွဲပြီးတဲ့အခါစကားကောင်းပြောရအောင်။ "

သူ့လေသံရုတ်တရက်ပြောင်းသွားတာက လင်ချင်းချင်း ကိုစိတ်လှုပ်ရှားသွားစေတယ်။ ​​ဒါပေမယ့်သူမကပုံမှန်အတိုင်းဟန်ဆောင်ကာမေးလိုက်တယ်။ "ဘာဖြစ်လို့လဲ? နင်ငါ့ကိုဘာပြောစရာရှိလို့လဲ?"

"မင်းပြိုင်ပွဲပြီးတဲ့အထိစောင့်ပါ။ "

လင်ချင်းချင်း ကလက်ခံတဲ့အသံတစ်ခုပြုလိုက်တယ်။ သူမအိပ်ဆောင်တံခါးဆီကိုလျှောက်နေပြီဖြစ်တယ်။ အဝေးမှအောက်ထပ်၌လူတစ်ယောက်ရပ်နေသည်ကိုသူမတွေ့လိုက်ရတယ်။ သူမက လျန်ရှင်း ဆိုတာသိတော့မှ ရှန်ဟွရန် လောဆော်လိုက်တယ်။ " ရှင်းရှင်း ငါ့ကိုတွေ့ဖို့လာတယ်။ ငါအရင်ဖုန်းချလိုက်ပြီနော်။ "

လျန်ရှင်း သူမအနားသို့ရောက်လာခဲ့တယ်။ လင်ချင်းချင်းကဖုန်းချလိုက်ပြီးသူမကိုအပြုံးတစ်ခုနဲ့နှုတ်ဆက်လိုက်တယ်။

လျန်ရှင်းကကြောင်ပုံစံဖလန်ထည်ပိတ်စအရုပ်လေးကိုကိုင်ပြီးလျောက်လာကာသူမထံသို့လှမ်းပေးလေတယ်။ "ဒီကံကောင်းတဲ့အရုပ်လေးကနင့်အတွက်ပဲ၊ဒီညအိပ်နေတုန်းဒီအရုပ်လေးကိုကိုင်အိပ် အဲ့ဒါဆိုမနက်ဖြန်ပြိုင်ပွဲအောင်မြင်လိမ့်မယ်"

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now