Chapter - 34.3 [Uni+Zawgyi]

1.9K 214 2
                                    

Chapter - 34.3

ရှန်ဟွရန် က ဘတ်စ်ကားပေါ်တက်ပြီး ဆက်သွယ်မှုတာဝန်ခံကို နှုတ်ဆက်ပြီး တာဝန်ခံက ပြည်သူ့သက်သာချောင်ချိရေးကုမ္ပဏီရဲ့ ရေးရာအတိုင်ပင်ခံဖြစ်ပြီး ရိုးရှင်းစွာ နှုတ်ဆက်ပြီးနောက် သူကသူ့အား ယန်နန် နှင့် လင်းချင်းချင်း တို့ကို တွေ့ဆုံဖို့ ခေါ်သွားခဲ့ပါတယ်။

"မင်္ဂလာပါ မစ်စ် ယန်"

 
ရှန်ဟွရန် နှင့် ယန်နန် က လက်ဆွဲနှုတ်ဆက်ပြီးနောက် သူကလက်ကိုဆန့်ထုတ်ကာ "မင်္ဂလာပါ မစ်စ် လင်း" ဟု ယဉ်ကျေးစွာပြောခဲ့သည်။

သူ့အမူအရာမှာ ထူးထူးခြားခြားဖြစ်နေသည်က ဘာမှရှိမနေပါဘူး၊ သူက ပုံမှန်အတိုင်းပဲ သူမကို နှုတ်ဆက်ခဲ့တာဖြစ်တယ်၊ လင်းချင်းချင်းကလည်း သူနဲ့ ပထမဆုံးအကြိမ်တွေ့ကြသလိုပဲ "မင်္ဂလာပါ ဒေါက်တာ ရှန်" ဟုဆိုကာလက်ဆွဲနှုတ်ဆက်လိုက်တယ်။

 
အတိုင်ပင်ခံကို နှုတ်ဆက်ပြီးနောက်သူကသူထိုင်ဖို့ ထိုင်ခုံတစ်ခု စီစဉ်ပေးခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ သူ့နေရာမှာ လင်းချင်းချင်း ၏နေရာနှင့် အနည်းငယ် ဝေးကွာခဲ့ပါသည်။

လင်းချင်းချင်း က ကမ္ဘာကြီးက တကယ်ကို အံ့သြစရာကောင်းတယ်လို့ တွေးလိုက်မိတယ်၊ အနုပညာရှင်တွေနဲ့အတူ လိုက်ပေးပြီး လျန်ရှင်း နဲ့ ရှန်ဟွရန် တို့ကို တချိန်တည်းလာတွေ့ဖို့က ရှားပါတယ်။ လင်းချင်းချင်းသည် သူမအား လျန်ရှင်းမှ စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။ လျန်ရှင်း သူမရှေ့တွင် ထိုင်ကာသူမအားကြည့်နေသဖြင့် ခေါင်းလှည့်ကာ လျန်ရှင်းအား သူမပြန်ကြည့်လိုက်သည်။ မျက်လုံးများ ခက်ထန်နေသော်လည်း သူမ လှမ်းကြည့်သည်ကို မြင်တဲ့အခါ ချက်ချင်းပင် သူမအား ပြုံးပြလိုက်သည်။

 
လင်းချင်းချင်းလည်း ပြန်ကာလှောင်ရယ်ပြလိုက်ပြီး တစ်ဖက်သို့ပြန်လှည့်ခဲ့သည်။

ထိုအကြောင်းကို စဉ်းစားပြီးနောက် လင်းချင်းချင်း သည် ရှန်ဟွရန် နှင့်တွေ့ဆုံခြင်းအကြောင်းကို မစ်စတာရီကိုလည်း ပြောပြသင့်သည်ဟု ထင်ခဲ့သည်။ အားလုံးပေါင်း ရိုက်ကူးမှုက ရက်အနည်းငယ်ကြာနိုင်သည်။ သို့သော် ယခုကားထဲတွင် ဖုန်းခေါ်ရန် အဆင်မပြေသောကြောင့် မက်ဆေ့ခ်ျတစ်စောင် ပို့ခဲ့သည်။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now