Chapter - 34.2 [Uni+Zawgyi]

2.1K 231 2
                                    

Chapter - 34.2

ထို့ကြောင့် ရှောင်ပိုင် ၏ထုတ်ပြန်ချက်ထွက်လာပြီးသည်နှင့်တစ်ပြိုင်နက် မိုချင်းယန် သည်လည်း Weibo ၌တင်ခဲ့သည်။ Weibo တွင်တင်ထားသည်က ရေးသားထားသည့်ညွှန်ကြားချက်များမပါရှိခဲ့ဘဲ၊ ပုံအနည်းငယ်သာပါဝင်သည်။ တစ်ပုံမှာ ချင်းချင်း Studio သို့ ရဲများလာရောက်စုံစမ်းရန် ရောက်ရှိလာသည့်ပုံဖြစ်ပြီး၊ နောက်တစ်ပုံမှာ ရှောင်ပိုင့် ကို ရဲများက ခေါ်ဆောင်သွားသည့်ပုံဖြစ်ကာ နောက်ဆုံးတစ်ပုံမှာတော့ ရှောင်ပိုင် ၏ ဖြောင့်ချက်ပဲဖြစ်သည်။

ဒီဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ် တင်လိုက်ပြီးတာနဲ့ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပါတယ်။

 
ရှောင်ပိုင်မှာ ပရိသတ်များစွာရှိသော်လည်း၊ အထူးသဖြင့် တောင်ကိုရီးယားတွင် အရည်အချင်းလည်းသိပ်မရှိ ခွန်အားပါမရှိသော အိုင်ဒေါဖြစ်သည့် ရှောင်ပိုင့်ကို ဖြတ်သွားဖြတ်လာများကို မကြာခဏဆိုသလို ဝေဖန်လေ့ရှိခဲ့ကြသည်။

ထို့ကြောင့် ဤဓာတ်ပုံများထွက်လာသည်နှင့် တပြိုင်နက် ဖြတ်သွားဖြတ်လာအများအပြားက မိုချင်းယန် အတွက် မကျေမနပ်ဖြစ်ခဲ့ကြသည်။

 
ဒါပေမယ့် ဒါက စိတ်လှုပ်ရှားစရာအကောင်းဆုံးမဟုတ်ပေ စိတ်လှုပ်ရှားစရာအကောင်းဆုံးကတော့ မိုချင်းယန် က သူမရဲ့ Weibo မှာတင်ပြီးပြီးချင်း မကြာခင်မှာပဲ ယန်နန် က Weibo ပိုစ်အား ပြန်‌ forward လုပ်ခဲ့ပြီး ဆောင်းပါးတစ်ခု ရေးခဲ့သည်။ ကမ္ဘာကြီး ဘာဖြစ်နေလဲမသိပါဘူး အမျိုးသမီးတွေ မလိုတမာစိတ်အထားဆုံးသူက အမျိုးသမီးတွေကိုပါပဲ။

ယန်နန်က သူမ၏ အသက်မွေးဝမ်းကြောင်း၏ အထွတ်အထိပ်ကို ကျော်ဖြတ်ခဲ့ပြီးသော်လည်း သူမ၏ သြဇာမှာ သေးငယ်သည်တော့မဟုတ်ပေ၊ သူမ၏ ထပ်ဆင့်တင်လိုက်မှုသည် မိုချင်းယန် ဘက်ကရပ်တည်သည့် မရေမတွက်နိုင်သော လူများကို တိုးလာစေခဲ့သည်။

 
ရလဒ်အနေနဲ့ကတော့ တော်တော်ပြောင်းပြန်ဖြစ်သွားခဲ့တယ်။

မိုချင်းယန် ဆီကို ရှောင်ပိုင် သွားခဲ့တုန်းက ရဲပါအခေါ်ခံခဲ့ရတာကို ကျန့်ချွမ် မသိခဲ့ပါဘူး။ ရှောင်ပိုင် ကလည်း သူ့ကို မပြောပြခဲ့ဘူး။

သူမကချိုမြိန်ပြီးချစ်ဖို့ကောင်းလာတယ် [ဘာသာပြန်] Complete ✅Where stories live. Discover now