Chapter - 4

10.3K 1.9K 67
                                    

First High schoolတွင် နေ့လည်စာနားချိန်သည် တစ်နာရီနီးပါးဖြစ်သည်။

စားသောက်ပြီးသည့်နောက် ရှိုးထုတ်ချင်သည့် alphaများကတော့ ဘောလုံးကန်ရန် အားကစားကွင်းထဲသို့ ထွက်သွားကြသည်။ ဘေးပတ်လည်မှာတော့ အားပေးအားမြှောက်ပြုနေသော omegaများ betaများတစ်စုကိုလည်း တွေ့ရဦးမည်ဖြစ်သည်။ အသံများမှာ ကျက်ကျက်ညံနေကာ စာသင်ဆောင်တစ်လျှောက်လုံးပင် ရှင်းရှင်းလင်းလင်းကြားနေရပေသည်။

ကျန့်ယောက်တစ်ယောက် စားချင့်စဖွယ်မရှိလှသည့်နေ့လည်စာစားပြီးနောက်တော့ သ‌ရေစာမုန့်အနည်းငယ်၀ယ်ဖို့ မုန့်ဆိုင်သို့ထွက်လာခဲ့ရင်း ပတ်၀န်းကျင်အသစ်နဲ့ရင်းနှီးကျွမ်း၀င်စေရန်အလို့ငှာကျောင်း၀န်းတစ်လျှောက် ရောက်တက်ရာရာ လျှောက်သွားနေလိုက်၏။

First High၏ တံတိုင်းမှာ Eighth Highထက်နိမ့်ပေသည်။ ကြည့်ရသည်မှာ သူ့လိုတံတိုင်းပေါ်ကျော်တက်သည့် 'ကျောင်းသားဆိုး'အများအပြား မရှိ‌ခြင်းကြောင့်ဖြစ်မည်။ တံတိုင်းမှာ နွယ်ပင်များပင်တွယ်တက်နေ၏။

ဤကဲ့သို့သောအခွင့်ကောင်းမျိုးအား လက်မလွှတ်သင့်ဟု ကျန့်ယောင် ကိုယ့်ကိုယ်ကိုထင်မိသည်။ ကျောင်းအနောက်ဘက်လမ်းတွင်မူ ထမင်းစားခန်းကလက်ရာထက်တော့ မုချသာမည့် စားသောက်ဆိုင်ငယ်များ များစွာရှိလေသောကြောင့် တစ်ညညတော့ အပြင်ထွက်လို့ စားဖြစ်အောင်စားပါဦးမည်ဟု တေးထားလိုက်သည်။

ထောင့်တစ်ခုကိုချိုးကွေ့လိုက်ပြီးနောက် သစ်ပင်တန်းတောအုပ်ငယ်လေးတစ်ခုကို တွေ့သည်။ ထိုတောအုပ်ငယ်လေးမှာ အခြားသောကျောင်း၀င်းများမှာ ရှိသည်ထက် သာ၍လှပလေသည်။ Eighth Highက တောအုပ်ငယ်မှာတော့ ကျန့်ယောင်၀င်နေကျပင်၊ အဘယ်ကြောင့်ဆိုသော် သူ့အားချစ်ရေးဆိုသူများက ထိုနေရာသို့ အမြဲခေါ်နေကျဖြစ်သောကြောင့်။ အနည်းဆုံးတော့ အကြိမ်ရေဆယ်ချီရှိမည်ထင်သည်။

"....ဒါက ငါကိုယ်တိုင်လုပ်ထားတာ...."

တောအုပ်ငယ်ထဲမှ အသံဖျော့ဖျော့တစ်သံ ထွက်လာ၏။

ဖြစ်ချင်တော့ ငါလေးချစ်ရေးဆိုနေတဲ့ မြင်ကွင်းနဲ့များပက်ပင်းတိုးတာလား?

Pay Attention To Me [Myanmar Translation]Where stories live. Discover now