Chapter - 58

7.7K 1.6K 85
                                    

ပြောပြီးမှပဲ ရင်းချဲယ်ရှက်သွားသည်။

အထက်တန်းပဲရှိသေးတာကို၊ အသက်တောင်မပြည့်သေးပဲနဲ့၊ alphaတစ်ယောက်အတွက် ကလေးမွေးပေးမယ့်အကြောင်းပြောနေတယ်...အရှက်မရှိတော့ဘူးပဲ

အဲ့ဒီ လူဆိုးကောင် ကျန့်ယောင်က တကယ်ကို အရှက်မရှိဘူး 

“...ဘာကိစ္စ ငါ့လာပြီး ဂျိုကြည့်ကြည့်နေတာလဲ? သူ့ဘာသူပြောပြီးတော့၊ ငါလိုချင်သလောက်တောင်းလို့ရကြေးဆို ဒီလိုလုပ် ဘတ်စကတ်ဘောတစ်သင်းစာ အရင်ထောင်ရအောင်”

“...ထွက်သွားစမ်း”

စက္ကန့်ပိုင်းအတွင်းနဲ့တင် ကျန့်ယောင်က အထူးတလည်ကို စိတ်အခြေ‌နေကောင်းနေပုံရတယ်။ ကျောက်ချန်ဆို ကြည့်ရုံနှင့်ပင် အတပ်ပြောနိုင်သည်။
“ယောင်ကော ဘာကြောင့် တအားတွေပျော်နေတာလဲ?”

“ငါပျော်တာမင်းဘယ်လိုသိလဲ?”

“ကျွန်တော်တို့ကို ထပ်ပြီး မနှိပ်ကွပ်တော့လို့လေ!”

ကစားပွဲက နှစ်ယောက်နှစ်ယောက်ချင်းဖြစ်ပြီး အဆုံးတွင်တော့ ကျန့်ယောင်နဲ့ရင်းချဲယ်အသင်းက အပြတ်သတ်အနိုင်ရရှိသွားလေသည်။

ကစားပြီးသွားသည့်နောက်တော့ ကျောက်ချန်တစ်ယောက် ကြမ်းပြင်ပေါ်မှာ ခွေခေါက်မောဟိုက်နေသည်။
“ယောင်ကောတစ်ယောက်တည်းနဲ့တင် ပင်ပန်းလွန်းလှပြီကို ခုတော့ ချဲယ်ကောပါ အဆစ်ပါနေသေးတယ်၊ သေ‌သာသေလိုက်ချင်တာပဲ...ယောင်ကောတို့အတန်း သေချာပေါက်နိုင်မှာ၊ တစ်ဖက်က ပြိုင်ရမယ့်သူကတော့ ကံဆိုးရှာပြီ”

သူ့ဘေးက ဝမ်ရှောင်ရို့ကပြောသည်။
“အဲ့ဒါသဘာဝပဲလေ၊ သမီးကောကောက အတော်ဆုံးကို!”

“အေးပါ အေးပါ နင့်ကောကောနှစ်ယောက်ကပဲ အတော်ဆုံး”
ကျောက်ချန်က ခါးသီးစွာပြောသည်။
“ဒါမယ့် ယောင်ကော သတိထားဦး‌နော်၊ ခုလေးတင် ကော pheromoneတွေ ထွက်လာပြန်တယ်၊ ပြိုင်ပွဲကျရင်လူတွေအများကြီးရှိမှာ အဲ့က omegaတွေအပြုံလိုက်ကြီးကို heatတွေဖြစ်ကုန်ပြီး ယောင်ကောအတွက်ကလေးမွေးပေးချင်အောင် မလုပ်နဲ့”

ကျန့်ယောင် : “ငါ့ညီမ‌ရှေ့မှာဘာစကားတွေလာပြောနေတာလဲ?”

“အိုး အိုး ဆောရီး ကျွန်တော် အဲ့သဘော ပြောချင်တာမဟုတ်ပါဘူး၊ ယောင်ကောကို ဂရုစိုက်ဖို့သတိပေးချင်ရုံသက်သက်ပါ”

Pay Attention To Me [Myanmar Translation]Where stories live. Discover now