Chapter - 107

8.2K 1.2K 34
                                    

ထိုညကတော့ ငြိမ်းငြိမ်းချမ်းချမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့တဲ့ ညလေးတစ်ညပါပဲ။

ကိုယ်ထဲက pheromoneတွေလည်း တည်ငြိမ်သွားပုံရတာမို့ နှစ်သစ်ကူးရဲ့ပထမဆုံးရက်မှာပဲ ဆိုဖာပေါ်တစ်ညလုံးအိပ်ခဲ့ရတဲ့ သူ့ကောင်လေးကို ခေါ်ပြီး အိမ်ပြန်ခဲ့လိုက်တယ်။

....

ချောင်ဝမ့်ယွင်သည်တော့ မနက်စောစောစီးစီး အစေခံတွေကို တစ်အိမ်လုံး စေ့စေ့စပ်စပ် တောက်ပြောင်နေအောင် သေချာသန့်ရှင်းရေးလုပ်ခိုင်းထားတယ်။ သားဖြစ်သူရဲ့လက်တွဲဖော်က အိမ်ကို ပထမဆုံးအကြိမ်လာမှာ ဖြစ်တဲ့အတွက် သူတို့ဘက်က ယဉ်ကျေးသမှုကို ပြရမယ်၊ လူကြီးဖြစ်နေလို့ အပေါ်စီးကနေ ငွားငွားစွင့်စွင့်နေလို့ ရတယ်ဆိုပေသည့် လူ့ကျင့်ဝတ်ဆိုတာတော့ ရှိကိုရှိရမယ်မဟုတ်လား။

"ခနနေကျ ရှင်က ဒီမှာထိုင်၊ အားဇယ်က ဒီနား၊ နှစ်ယောက်သား အတူတူထိုင်လိုက်ကြ"
ချောင်ဝမ့်ယွင်က ဆိုဖာတွေ နေရာချနေလေရဲ့။
"အဲ့ဒီကလေးကို နည်းနည်းလောက် ဖိအားပေးလိုက်၊ ဒါမှ ကျွန်မတို့အိမ်က ပေါ့သေးသေးမဟုတ်ဘူးဆိုတာသိသွားအောင်"

အမှန်တိုင်းပြောရရင်တော့ သူမ ရင်ထဲမှာ အနည်းငယ်တော့ စိတ်တိုင်းမကျ ဖြစ်မိသေးတယ်။ သားဖြစ်သူက ချောချောလှလှ ထက်ထက်မြက်မြက်ကလေး၊ ကြင်နာပြီး သိတတ်မှုလည်း ရှိသေးတယ်။ မိသားစုနောက်ခံအခြေနေတွေကိုတော့ သူမ မပြောလိုပါဘူး။ အနည်းဆုံးတော့ ရည်ရည်မွန်မွန်လေးဖြစ်ရမယ်ပေါ့။ ဘာကိစ္စနဲ့ အဲ့ဒီရွက်ကြမ်းရည်ကျို ထိုင်ခုံဖော်ကိုမှ တမ်းတမ်းစွဲဖြစ်နေတယ်တော့ သူမလည်း မသိတော့ပါဘူး။

သူမ အစကတော့ ထိုအကြောင်းတွေကို ဘာမှမပြောတော့ပဲ မေ့ထားလိုက်တော့မလို့ပဲ။ အခုတော့ ကြည့်ပါဦး လက်တောင်မထပ်ရသေးပဲနဲ့ သူမသားလေးကို နှစ်သစ်ကူးကျင်းပဖို့ အိမ်ထိအတင်းခေါ်သွားတယ်ဆိုတာကတော့ တကယ်ကို မသင့်တော်လွန်းရာ ကျနေပြီ။

အခုတောင် ဒီလိုခြယ်လှယ်လွှမ်းမိုးနေမှတော့ ထိုကလေးက alphaဝါဒစွဲကိုင်သူ ဖြစ်မှာတောင် သူမ စိုးရိမ်မိတယ်။
(T/n : alphaဆိုပြီး အရာရာချုပ်ကိုင်တာ အခွင့်သာတယ်ဆိုတဲ့ ခွဲခြားတဲ့စိတ်ထားမျိုးကို ပြောတာဖြစ်ပါလိမ့်မယ်)

Pay Attention To Me [Myanmar Translation]Where stories live. Discover now