Chapter - 82

7.6K 1.4K 42
                                    

ထိုခန ကျန့်ယောင်ရဲ့နားရွက်တွေ ရဲတောက်သွားတယ်။
‘‘ဖာ့ခ် ဘာမှလာမမေးနဲ့၊ သွားတော့ မြန်မြန်”

‘‘ကောင်းပြီလေ”
ရင်းချဲယ်က နည်းနည်းမှ ၀န်လေးဟန်မပြပဲ လှည့်ထွက်ဖို့လုပ်တယ်။
‘‘မဟုတ်လည်း ငါက မင်းကိုမကူပါဘူး”

‘‘........” 

...

အ၀တ်လဲခန်းဆီ သူပြန်ရောက်တော့ အထဲမှာ လူများများစားစားရှိမနေပေ။ ရင်းချဲယ် လော့ကာဖွင့်ပြီး အထဲကရှပ်တစ်ထည် ထုတ်လိုက်တယ်။

သူ ရေကူးကန်သွားမယ် ပြောကတည်းက ချောင်၀မ့်ယွင်က အသေချာတွေး‌ပေးလိုက်တာ၊ ရေထဲမဆင်းပါဘူးဆိုတာတောင် အ၀တ်အပိုပြင်ပေးလိုက်တာပဲကြည့်။

‘‘သားတို့ယောက်ျားလေးတွေဆိုတာ ပြောမရဘူးလေ၊ ရေစင်လို့ အ၀တ်တွေစိုပြီးကပ်ကုန်ရင် နေရခက်လိမ့်မယ်” 

အစကတော့ ဒါ‌ကို သူကိုယ်တိုင် လုံး၀မလိုအပ်ဘူးလို့ ထင်ခဲ့မိတယ်၊ ဒီလိုမျိုး ကျန့်ယောင်က အရူးထပြီး သူ့ကိုရေထဲဆွဲချလိမ့်မယ်လို့မှ မထင်ပဲ။

အဲ့တော့ သူ့အတတ်နဲ့သူဆူးပါစေပေါ့။

ရင်းချဲယ်လည်း မနေနိုင်စွာ နှုတ်ခမ်းတစ်ဖက်က ကွေးတက်လာတယ်။

အရူးကောင်

၀တ်ထားတဲ့ရှပ်အင်္ကျီကို ချွတ်ပြီး ဘေးကိုပစ်လိုက်တယ်။ ကိုယ်ကို တဘက်တစ်ထည်နဲ့ သုတ်ပြီးမှ ရင်းချဲယ် အ‌၀တ်သစ်ကို၀တ်လိုက်တယ်။ သူ့ရဲ့လော့ကာက ထောင့်စွန်းမှာဖြစ်ပြီး တံခါးက သူ့ကိုယ်အပေါ်ပိုင်းတစ်ခုလုံးနီးပါး ကွယ်လောက်တဲ့အထိ မြင့်တာမို့ သူအ၀တ်လဲတာကို ဘယ်သူမှမမြင်နိုင်လောက်ပေ။

ဒုတိယမြောက်ကြယ်သီးကို တပ်နေတုန်းမှာပဲ ခြေသံကြားလိုက်ရတယ်။

တခြားရေလာကူးတဲ့လူတွေပဲ ဖြစ်မှာမို့ စိတ်ထဲမထားပဲ ကြယ်သီးဆက်တပ်နေလိုက်တယ်။

ဒါပေမယ့် ခြေသံတွေက ပိုပိုနီးကပ်လာပြီး ခပ်သုတ်သုတ်နဲ့ သူ့ဆီကိုလာနေသလိုမျိုးပဲ။

ရင်ထဲမှာ စိုးထိတ်မှုနဲ့အတူ ရင်းချဲယ်တစ်ဖက်ကို အမြန်လှည့်လိုက်တယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now