Chapter - 36

7.6K 1.6K 158
                                    

ဝရန်တာမှာရပ်ပြီး အကြာကြီးစောင့်နေစဉ် လေအေးအေးက သူ့မျက်နှာကိုဖြတ်တိုက်သွားသည်။

ရင်းချဲယ်က စကားတစ်ခွန်းတောင်ဆိုမလာတာကြောင့် မျက်နှာပြင်မှာ ပုံသေတစ်ပုံနှင့်ပင် တူနေသည်။

''မင်း ပြန်မဖြေမချင်း ငါမဝင်ဘူးနော်၊ ဒီမှာပဲ အေးခဲပြီး အသေခံလိုက်မှာ"
ကျန့်ယောင်က မျက်နှာပြောင်စွာပြောတယ်။

''......''
ရင်းချဲယ် နောက်ဆုံးတော့ ပါးစပ်ကလေးဖွင့်ကာ ပြန်ဖြေလာတယ်။
''အိုး.. ဒါဆိုလည်းအဲ့မှာပဲ ခဲသေလိုက်"

''.....မင်း ငါ့ကို ငြင်းလိုက်တာလား?"  

''အင်း ငြင်းလိုက်တာ"

''ဘာလို့လဲ??"

ရင်းချဲယ်ရဲ့ သွေးအေးအေးနှင့် အကြင်နာမဲ့သည့်အမူအရာမှာ 'မထုံတတ်သေး'ရောင်ဝါများထုတ်လွှတ်လျက်၊
''ဘာကိုဘာလို့လဲလဲ၊ ငါက ငြင်းလို့မရလို့လား?"

''သေချာပေါက်မရဘူးပေါ့!''
ဒါက ကျန့်ယောင် မျှော်လင့်ထားခဲ့တဲ့ အဖြေနဲ့လုံးဝကိုဆန့်ကျင်ဘက်။ သူ အခန်းထဲကိုပြန်ပြေးသွားပြီး ဖုန်းကိုမြှောက်ကာ အိပ်ခန်းမီးနဲ့ထွန်းလင်းနေတဲ့ သူ့မျက်နှာ‌ချောချောကို စခရင်တစ်ခုလုံးပြည့်ပြီးပြူးနေအောင် ပြလိုက်သည်။
''သေချာကြည့်စမ်းပါ၊ မင်းက ရုပ်ရည်ခွဲခြားတဲ့အသိုင်းဝိုင်းကမဟုတ်လား? ငါ့ရဲ့ဆွဲဆောင်မှုအပြည့်ချောမောတဲ့မျက်နှာကို မင်းစိတ်မဝင်စားဘူးလား?"

''ဟဟ''
ရင်းချဲယ်လေသံမှာ နူးညံ့သယောင်နဲ့ လှောင်ပြောင်မှုအပြည့်။
''ငါက ရုပ်ရည်ခွဲခြားတဲ့အသိုင်ဝိုင်းကပါလို့ ဘယ်သူပြောလဲ? အဲ့ဒါမင်းဘာမင်းတွေးနေတဲ့ဟာလေ"

ကျန့်ယောင် အံ့သြထုံ‌ထိုင်းသွားသည်။

F*ck ဒီကောင်စုတ်လေးက ငါ့ရုပ်ကို တကယ်ပဲ အမှိုက်သာသာလို့‌တွေးမယ်မှန်း လုံး၀လုံး၀ကို မထင်ထားခဲ့တာ

ပြီးတော့ သူက ငါ့ရုပ်ရည်ကိုပဲနှစ်သက်စွဲလမ်းနေတဲ့ တခြား omegaတွေနဲ့ နည်းနည်းမှကို မတူဘူး

အရမ်းကို ထူးခြားပြီး အရမ်းကို ရင်ခုန်ချင်စရာ၊ အခုတော့ ငါသူ့ကိုပိုလို့တောင်ကြိုက်သွားပြီ

Pay Attention To Me [Myanmar Translation]Where stories live. Discover now