Chapter - 34

7.1K 1.6K 112
                                    

ညနေပိုင်းလေပြည်မှာ ချမ်းခိုက်ခိုက်။ ရေကန်လေးရဲ့ကမ်းနဘေးက လူနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ငြိမ်သက်စွာ စိုက်ကြည့်နေကြသည်။

ရင်းချဲယ်အကြည့်သည် ကျန့်ယောင်အပေါ်မှာပဲ တစ်ချိန်လုံးရှိနေခဲ့သည်၊ နောက်သူကလက်ကလေးနှစ်ဖက်ကိုမြှောက်ကာ မျက်လုံးကိုပွတ်သည်၊ ရှေ့တစ်လှမ်းတိုးလာပြီး သူ့ကိုပဲ မမှိတ်မသုန်ထပ်ကြည့်ပြန်သည်။

စူးစမ်းချင်နေတဲ့ကလေးပေါက်စလေးလို ဖြူစင်တောက်ပပြီး ကြည်လင်နေတဲ့သူ့မျက်ဝန်းတွေကို ပြူးပြီးတော့လေ။

ကျန့်ယောင်လည်း သူ့ကိုပြန်စိုက်မကြည့်ပဲ မနေ‌နိုင်တော့။

တအားတအား ချစ်ဖို့ကောင်းလွန်းတယ်ကွာ

ဒါပေမယ့် ခုလောလောဆယ်တော့ အချိန်ဆွဲလို့မရသေး၊ ရင်းချဲယ်ရဲ့ဆွဲဆောင်မှုမှာ ပျော်၀င်နေလို့မဖြစ်သေး၊ ဒါ့ကြောင့် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ကိုယ့်ပုံစံကိုပြန်ထိန်းလိုက်သည်။
''မင်းပြောစရာရှိတယ်ဆိုရင် ပြီးမှပြောကြတာပေါ့၊ ငါ ဒီကောင့်ကိုအရင်ရှင်းလိုက်ဦးမယ်"

''....ကောင်းပြီ"
ရင်းချဲယ်လည်း အကြည့်ကိုလွှဲလိုက်သည်၊ နောက် ချက်ချင်းပဲ ပြန်လှည့်ကြည့်လာကာ :
''ဂရုစိုက်"

သူ့အသံမှာခပ်တိုးတိုးနှင့် ညင်ညင်သာသာလေး၊ အရင်ကနဲ့ တခြားစီပဲ။

ကျန့်ယောင်ရင်ထဲရုတ်တရက် အေးခဲသွားရသည်။

ဒီလိုအဆိုးဆုံးအချိန်မှ ပေါ်သွားရတယ်လို့ကွာ

...

ဖန့်ဟွေကိစ္စပြီးသွားသည့်နောက် ၁၀နာရီလောက်တွင် သူအဆောင်သို့ပြန်ခဲ့သည်။

အဆောင်မှူးကတော့ သူ့ကိုနည်းနည်းဆူချင်နေဟန်၊ သို့ပေသည့် သူရေတွေစိုနေတာမြင်တော့ အအေးမိမှာစိုးတာကြောင့်ပဲ အလွတ်ပေးလိုက်တော့သည်။

ကျန့်ယောင် ရေနွေးလေးနဲ့ရေချိုးပြီးနောက် အခန်းသို့ပြန်ခဲ့သည်။

သူ့ကိုယ်က အအေးဓာတ်သည်တော့ လုံးလုံးပျောက်ကွယ်သွားပြီ၊ သို့ပေမယ့် ရင်ဘတ်ထဲက အအေးဓာတ်ကတော့ ကျန်ရှိနေဆဲ။

Pay Attention To Me [Myanmar Translation]Where stories live. Discover now