Chapter - 108

7.7K 1.2K 59
                                    

Heatကာလလုံးဝပြီးသွားတဲ့အထိဆို ခုနစ်ရက်လောက် ကြာသွားတယ်။

ဒီလောက်ရက်အရေအတွက်နဲ့ဆို ဂင်းနစ်စံချိန်တောင် တင်လို့ရတယ်လို့ ကျန့်ယောင်က ပြုံးစိစိနဲ့ ပြောလိုက်မိတာမို့ အိပ်ယာထဲကနေ ကောင်စုတ်လေးဆီက ကန်ထုတ်ခံလိုက်ရတယ်။

ကျောင်းပြန်ဖွင့်တော့မှာ ဖြစ်တာကြောင့် group chatအတွင်းက လေထုအနေအထားမှာ တဖြည်းဖြည်း စိုရိမ်မှုတွေ ဖုံးလွှမ်းလာတယ်။

ကောကျစ်ရှုန်း : "င်္သချာဆယ်မျက်နှာက ခုနစ်မျက်နှာပဲပြီးသေးတယ်၊ ဒီတစ်ခေါက်အိမ်စာက တအားခက်တာပဲ"

ကျိုးဟောက်လျန် : "မင်းကမှတော်ပါသေးတယ်၊ ငါဆို တရုတ်စာတွေ တစ်ဝက်တောင် မပြီးသေးဘူး၊ ကျောင်းရောက်မှ ကူးချမယ်ဆိုရင်တောင် ဒီလောက်စာလုံးတွေ အများကြီးကို ကူးချဖို့အချိန်လောက်မှာမဟုတ်ဘူး"

ကျန်းခဲ့ : "ငါကတော့ ပြီးသလောက်ပဲ ထပ်လိုက်မှာ၊ အကောင်းဆုံးကြိုးစားလုပ်ထားတာပဲ ကူးချတာထက်တော့ ကောင်းသေးတယ်"

ကောကျစ်ရှုန်း "? ! မတွေ့ရတဲ့အတွင်း တိုးတက်လာတာလားဟ!"

ကျိုးဟောက်လျန် : "ဒီလိုအသိက ငါ့ကိုဖြတ်ရိုက်ခံလိုက်ရသလိုပဲ"

ကျန်းခဲ့ : "အား ငါ့ကို ဒီလိုဉာဏ်ထိုင်းအောင် ဘယ်သူလုပ်ပေးလိုက်တာလဲမသိဘူး၊ ငါသာ ယောင်ကောတို့ ချယ်ကောတို့လိုဆို ဒီလောက်အိမ်စာတွေက မိနစ်ပိုင်းလောက်တောင် ကြာလိုက်မှာမဟုတ်ဘူး"

အားလုံးကလည်း နက်နက်ရှိုင်းရှိုင်း သဘောတူကြတယ်။

.....

"အိမ်စာလား? မလုပ်ရသေးဘူးရော်"

ရန်းရီလဲ့တစ်ယောက် ကြက်သေသေသွားတယ်။ သူ အထစ်ထစ်အငေါ့ငေါ့နဲ့ ပြန်မေးလိုက်တယ်။
"မ..မလုပ်ရသေးဘူးဆိုတာ ဘာပြောချင်တာလဲ?"

ကျန့်ယောင်က လွယ်အိတ်ထဲကနေ သင်္ချာစာရွက်အပုံလိုက်ကို ထုတ်ပြီး ဖြန့်ကြဲပြလိုက်တယ်။ အကုန်လုံးဗလာတွေ ချည်းပဲ။

"တွေ့တဲ့အတိုင်းပဲ၊ ငါတစ်လုံးမှ မရေးရသေးဘူး"

"မင်း မင်းဒါက...."

Pay Attention To Me [Myanmar Translation]Where stories live. Discover now