Chapter - 9

8.5K 1.7K 77
                                    

မနက်ပိုင်း၏ပထမဆုံးအတန်းချိန် :

စင်မြင့်မှာရပ်နေသည့် ဝူကောကျုံ၏ အသံကား ထုံးစံအတိုင်း ကျယ်လောင်၍ ပြတ်သားနေ‌သည်၊ သို့သော်လည်း ခါတိုင်းထက်တော့ အနည်းငယ်နှေးနေ၏။
"ကျောင်းသားတို့၊ ကျောင်းသားရေးရာဌာနကနေ ကြေညာချက်တစ်ခုထုတ်ပြန်ထားတယ်၊ ဒီရက်‌ပိုင်းတွေမှာ ‌နေ၀င်ချိန်က စောလာတာကြောင့် ကျောင်းက ကျောင်းသားအားလုံးရဲ့လုံခြုံ‌ရေးကို စိတ်ပူမိတယ်၊ အဲ့ဒါကြောင့် ဒီနေ့ကစပြီး dayကျောင်းသားတွေအားလုံးက ညနေပိုင်း self-studyတန်းတက်စရာမလို‌တော့ဘူး၊ အဆောင်နေကျောင်းသားတွေကတော့ ခါတိုင်းလိုပဲ ညနေပိုင်း self-studyတန်းတက်လို့ရတယ်"

အတန်းချိန်ပြီးသွားချိန်တွင်တော့ စာသင်ခန်းတစ်ခန်းလုံးမှာ အကြော်ကြော်သည့်ဆီပူအိုးနှယ် ပွက်ပွက်ဆူနေတော့သည်။

"f*uck,ဒီလောက်ကြီးထိတောင်လား?ကျောင်းကတောင် သတိပေးကြေညာချက်ထုတ်ရတဲ့အထိလေ"

''ဒီနေ့ ရန်းရီလဲ့လည်းမလာဘူးနော်၊ ဘာကြောင့်လည်းတော့မသိပေမယ့်.......ငါစိတ်ထဲတော့ထင့်နေသလိုပဲ.....''

''ဒီမနက် ငါကျန်းကျောင့်ကျူးနဲ့ သူ့အစောင့်ရှောက်လေးယောက် ဂိတ်ပေါက်မှာ လှည့်နေတာတွေ့ခဲ့တယ်၊ ကြည့်ရတာ ပြဿနာအကြီးကြီးတစ်ခုတော့ ဖြစ်လောက်တယ်"

"ဘာကိစ္စ dayကျောင်းသားတွေကိုပဲ self-studyတန်းမတက်ရဘူးပြောတာလဲကွာ? အဆောင်နေကျောင်းသားတွေလည်း ကြောက်တတ်ပါတယ်၊ ငါတို့ကျောင်းအုတ်တံတိုင်းက အရမ်းနိမ့်တယ်လေ၊ အဲ့နှာဘူးကြီးက တံတိုင်းကနေကျော်တက်လာရင် ဘယ့်နှယ့်လုပ်မတုန်း?"

''ညနေပိုင်း self-studyတန်းပြီးသွားတဲ့ခါကျ အတူတူလမ်းလျှောက်ပြန်ကြရအောင်လား? လူနည်းနည်းများတော့ ‌တော်သေးတယ်လေ၊ အချင်းချင်းပြန်ကြည့်လို့ရတာပေါ့"

......

ကျန့်ယောင် ခြေထောက်ကို စာရေးခုံဘားတန်းပေါ်တင်ကာ၊ အရှေ့တန်းမှနေရာလွတ်ကိုကြည့်ရင်း၊ ထိုင်ခုံကို‌ရှေ့နဲ့နောက်ယိမ်းနေပြီး ခနလောက်တွေးကြည့်တယ်။
"ချဲယ်ချဲယ်, ဒီနေ့ည ငါနဲ့အတူပြန်မယ်, ငါမင်းကို အဆောင်ထိလိုက်စောင့်ရှောက်ပေးမယ်"

Pay Attention To Me [Myanmar Translation]Where stories live. Discover now