Chapter - 81

7.9K 1.4K 75
                                    

ဒီတစ်နှစ်ကျောင်းစဖွင့်ချိန်က မနှစ်ကနဲ့စာရင် စောတယ်။ အကျိုးဆက်ကား ရင်းဇယ်ရဲ့ဆယ့်နှစ်ရှစ်ပြည့် မွေးနေ့ဟာ ဗုဒ္ဓဟူးနေ့မှာ ကျရောက်လာတယ်။

နေ့လဲစားစားပြီးချိန်မှာ ကျန့်ယောင်တစ်ယောက် ထိုင်ခုံဖော်လေးကို ဘယ်နေရာမှာမှ ရှာမတွေ့တဲ့အဆုံး သစ်ပင်တန်းဆီ အလောသုံးဆယ်နဲ့ ပြေးကြည့်တော့ ထင်တဲ့အတိုင်းပါပဲ၊ ကောင်စုတ်‌လေးက ဟိုနှလုံးသားမရှိတဲ့ ဝံပုလွေကောင်ကို လက်ဆောင်ပေးနေတယ်။

ထိုထဲက ပြန်ထွက်လာတဲ့ ရင်းဇယ်က သူ့ကိုလည်းမြင်ရော မျက်မှောင်ကြုတ်သွားတယ်။
‘‘ဘာကိစ္စ မင်းက ဒီရောက်နေပြန်တာလဲ?”

‘‘အခြေအနေဘယ်လိုရှိလဲ လာကြည့်တာ”
ကျန့်ယောင်က ရင်းဇယ်ပခုံးကို ပုတ်ကာ
‘‘မင်းတကယ်ကြီး ယူမယ်လို့ ငါထင်မထားဘူး၊ တိတိက အရွယ်ရောက်တော့ သိတတ်လာပြီပဲ”

‘‘ငါ့ကောဘာသာ ငါ့ကိုမွေးနေ့လက်ဆောင်ပေးတာလေ မင်းသောက်လုပ်ပါလား?”

‘‘ငါ့သောက်လုပ်မပါလို့ ဘယ်ဖြစ်ပါ့မလဲ? လက်ဆောင်ရဲ့တစ်၀က်လောက်က ငါလုပ်‌ပေးထားတဲ့ဥစ္စာ” 

‘‘......”
စက္ကန့်ပိုင်းအတွင်းပဲ ရင်းဇယ် အမူအရာက ခံစားချက်ပြရုပ်စုံလို အထင်သေးဟန်ကနေ အံ့ဩထိတ်လန့်သွားဟန်၊ ထိုမှတစ်ဆင့် ဒေါသအဖြစ်ပြောင်းသွားတယ်။ နောက်တော့ ဖျတ်ခနဲ လှည့်ထွက်သွားတော့တာပဲ။
‘‘ပြန်ရောက်မှ အမှိုက်ပုံးထဲ လွှင့်ပစ်ဦးမယ်!”

.
‘‘မင်း သူ့ကို ရန်မစပဲနေလို့မရဘူးလား?”

‘‘မရဘူး၊ သူ့မျက်မြင်တာနဲ့ကို စိတ်ကပေါက်လာတာ၊ အသဲနှလုံးမရှိတဲ့ ဝံပုလွေကောင်”

‘‘တိတိက စိတ်ထားမဆိုးပါဘူး၊ အဲ့ဒါက......အတိတ်ကကိစ္စကို အခဲမကြေဖြစ်နေရုံလေးတင်ပါ၊ အဲ့တာကြောင့်” 

‘‘အဲ့တော့? မင်းကရော အဲ့တုန်းကအမှန်တရားကို ဘယ်တော့မှ သူ့ကိုပြောပြမှာလဲ? မင်းသာရှင်းမပြရင် သူ့ဘ၀တစ်လျှောက်လုံး အထင်လွဲနေတော့မှာ”

‘‘အစကတည်းက အမှားလုပ်ခဲ့မိတဲ့ သူက ငါပါ”

ကျန့်ယောင်ကတော့ ဒါကို လက်မခံနိုင်ပေ။
‘‘မင်းလုပ်တာ ဘာမှားလို့လဲ? မင်းညီကို မင်းတမင်သက်သက် ထားခဲ့တာမဟုတ်ဘူးဆိုတာ ငါယုံတယ်၊ သူလည်း တစ်ခါလောက်လေးတော့ ဦးနှောက်သုံးပြီး စဉ်းစားသင့်တာပေါ့၊ တမင်သက်သက် သူ့ကို အရှေ့ကပြေးခိုင်းပြီး ပြန်ပေးသမားတွေ လိုက်တော့မှ မင်းကထွက်ပြေးပြပြီး လမ်းလွှဲပေးတာ‌လေ၊ မဟုတ်ရင် ဘယ်လိုလုပ် သူ့လို ပျော့တိပျော့ဖက်ကလေးစုတ်က လူကြီးတွေလက်က လွတ်အောင်ပြေးနိုင်မှာလဲ? ဒါတွေအကုန်လုံးက မင်းညီ သူ့ကိုယ်သူ အရူးဖြစ်မှာကြောက်‌နေလို့ ဖြစ်နေတဲ့ကိစ္စချည်းပဲ”

Pay Attention To Me [Myanmar Translation]Where stories live. Discover now