Chapter - 29

7.4K 1.6K 103
                                    

မနက်ခင်းစောစော ချမ်းစိမ့်စိမ့် လေပြည်တစ်ချက်က ဝေ့ဖြတ်တိုက်ခတ်သွားသည်။ 

လမ်းပေါ်မှ ကျောင်းသားတွေသည်တော့ ကျောင်းယူနီဖောင်းတွေနှင့် မာဖလာတွေကို လေမတိုးသာအောင် တင်းတင်းကျပ်ကျပ်ပတ်လို့ထားကြသည်။ ယခုနောက်ပိုင်း ကျောင်းကန်တင်းကိုမနက်စာလာစားကြသည့် ကျောင်းသားတွေ များများလာတာကြောင့် နွေးနွေးထွေးထွေးအစားစာလေးတွေဖြစ်သည့် ဆန်ပြုတ်တို့ ခေါက်ဆွဲတို့မှာ အရမ်းကိုရောင်းကောင်းလျက်ရှိတော့သည်။

ဒီနေ့တော့ ကျန့်ယောင်တစ်ယောက် တကူးတကကို အိပ်ယာစောစောထပြီး ကပ်ရပ်အခန်း 306ရှေ့မှာ ရပ်စောင့်နေသည်။ တံခါးဖွင့်သံကြားသည်နှင့်တစ်ပြိုင်နက် သူ 90°ဦးညွှတ်လိုက်သည်။

‘’ရင်းသခင်လေးဗျ၊ ကျွန်တော်မျိုးနဲ့ မနက်စာအတူစားဖို့ဖိတ်ကြားမှုလေးကို လက်ခံ‌ပေးနိုင်မလား?”

‘’......ထွက်သွားစမ်း’’

.
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ နှစ်ယောက်သားကန်တင်းကိုအတူတူ ရောက်သွားကြတာပါပဲ။

တောင်းပန်ချက်စစ်မှန်မှုကိုပြသဖို့အတွက် ကျန့်ယောင်က စုစုပေါင်း ၂၆.၅ယွမ်တန်ဖိုးရှိ မှိုတစ်ပန်းကန်၊ အသီးရွက်ဆန်ပြုတ်တစ်ခွက်၊ အသားပေါက်စီနှစ်လုံး၊ လက်ဖက်ကြက်ဥပြုတ်တစ်လုံးနဲ့ ဖက်ထုပ်ပေါင်းတစ်ပွဲစာကို ဝယ်ကျွေးတော့တယ်။

‘’.....’’

စားစရာတွေနဲ့ အပြည့်အဝ နေရာယူနေတဲ့ စားပွဲအား ရင်းချဲယ်ကြည့်လိုက်သည်။
‘’ငါ့ကိုဝက်များထင်နေလား?”

‘’မင်းက ပိန်လွန်းတယ်၊ များများစား’’

‘’မပိန်ပါဘူး’’

‘’တကယ်? လာ မင်းလက်မောင်းကိုညှစ်ကြည့်ရအောင်”
ကျန့်ယောင်က သူ့ဆီကို လက်လှမ်းရွယ်တယ်။

ရင်းချဲယ်က ချက်ချင်းလက်ကိုရုတ်လိုက်ကာ :
‘’မထိနဲ့’’

ထုံးစံအတိုင်း တစ်ချက်လေးထိဖို့ကို တွန့်တိုနေတာများ

‘’စတာပါ’’
ကျန့်ယောင် ဝမ်းဗိုက်လေးနွေးထွေးသွားအောင် ဆန်ပြုတ်အနည်းငယ်ခပ်သောက်လိုက်သည်၊ နေလို့ထိုင်လို့ကောင်းသွားကာမှ ဆို၏။
‘’အိုး ဟုတ်သား မနေညက ပိုင်ယွိဝေကိုအဲ့အကြောင်းမေးလိုက်တယ်”

Pay Attention To Me [Myanmar Translation]Where stories live. Discover now