Chapter - 33

7.2K 1.6K 83
                                    

ပစ္စည်းဝယ်ပြီးနောက် ကိုးနာရီလောက်တွင် သူကျောင်းကို ပြန်လာခဲ့သည်။

ဆူဆူညံညံနှင့်ပွဲမှာ ပြီးဆုံးသွားပြီ။ ကျောင်းသားတွေဟာ စာသင်ခန်းတွေကို ပြန်ရှင်းလင်းကာ စားပွဲတွေခုံတွေကို မူလအတိုင်းနေရာတကျပြန်ထားကြသည်။ ကြည့်ရသည်မှာတော့ ဘာမှမဖြစ်ခဲ့သလို၊ စင်ဒရဲလားထဲက အချိန်ကန့်သတ်ထားတဲ့မှော်ပညာအတိုင်း။

သို့သော်လည်း ကျောင်းသားဘ၀ရဲ့ ဒီကျောင်းပွဲတော်ဟာ အားလုံးရဲ့နှလုံးသားထဲတွင်တော့ အမြဲကျန်ရှိနေတော့မှာဖြစ်တယ်၊ နှစ်သစ်ကူးပွဲတော်က မီးရှူးမီးပန်းသည်တောင် ဤမျှလောက် ထိန်လင်းတောက်ပနိုင်မည်မဟုတ်။

dayကျောင်းသားတွေသည်တော့ ကိုယ်စီအိမ်ပြန်သွားကြပြီး အဆောင်နေကျောင်းသားများကတော့ တစ်ယောက်ပြီးတစ်ယောက် အဆောင်ကိုပြန်လာကြသည်။ လမ်းတစ်လျှောက် ဘယ်အတန်း activityက အကောင်းဆုံးဖြစ်ကြောင်းလည်း တက်တက်ကြွကြွပြောဆိုနေကြသေးသည်။

သူတို့အတွက် ဂိတ်တံခါးဖွင့်ပေးချိန်ကို အခွင့်ကောင်းယူကာ ရင်းချဲယ်‌ကျောင်းထဲခိုးဝင်လာခဲ့သည်။ လက်ထဲတွင် သုံးလမ်းကျော်ပန်းဆိုင်ကနေ ဝယ်ခဲ့တဲ့နှင်းဆီပင်းလေးတစ်ပွင့်ကိုကိုင်ရင်း အဆောင်ကိုတန်းပြန်ခဲ့သည်။ နောက် ကပ်ရက်အခန်း ၃၀၇ကိုသွားကာ တံခါးခေါက်လိုက်သည်။

‘’ဘယ်သူ...အာရိုး ချဲယ်ချဲယ် ဝင်ခဲ့လေ၊ ခုလေးတင်ငါ့  meimei‌ကိုလိုက်ပို့ပြီးတာ”
ကျန့်ယောင်က ကျောင်းယူနီဖောင်းပင်မလဲရသေး၊ အင်္ကျီမှာ ဂိမ်းနိုင်တိုင်း ဝမ်ရှောင်ရို့ဆီက ဆုချတဲ့ စတစ်ကာတွေနဲ့ ပြည့်နေတာမို့ ရယ်စရာပုံဖြစ်နေသည်။
‘’သူမက ဒီမှာနေချင်နေတာ၊ ဒါမယ့် ယောက်ျားလေးအဆောင်မှာဘယ်လိုလုပ်နေခိုင်းလို့ဖြစ်မှာလဲ? သူ့ကိုပထုတ်ဖို့တောင် အတော်လေးပြောယူလိုက်ရတာ”

ရင်းချဲယ် : ‘’အခုချိန်လေးကို တန်ဖိုးထား၊ ကြီးလာရင် သူမက မင်းကိုကပ်မှာမဟုတ်တော့ဘူး”

ကျန့်ယောင် ခပ်ပြုံးပြုံးနဲ့ :
‘’မင်းရဲ့အပေါက်ဆိုးတိတိလိုမျိုးလား?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now