Chapter - 52

7.8K 1.6K 127
                                    

Spring tripအပြီးနောက်တွင်တော့ နှစ်ဝက်စာမေးပွဲအချိန်ကာလမှာ တစ်ဖန်ပြန်ချဥ်းကပ်လာပြန်သည်။

First Highကျောင်းသားတွေက ကိုယ့်တာဝန်ကိုသိတတ်ကြတယ်။ စာမေးပွဲနောက်တစ်ခေါက်ထပ်ဖြေရမယ့်အပေါ် ညည်းငြူနေတတ်ကြပေမယ့်လည်း အပျော်အပါးတွေဘေးဖယ်ပြီး စာကြိုးစားရတော့မယ်ဆိုတာတော့ ကောင်းစွာ သဘောပေါက်ကြတယ်။

ဒါ့ကြောင့်ပဲ အရင်ရက်အနည်းငယ်ကစလို့ ကျန်းခဲ့တစ်ယောက် အိမ်စာတွေကို ဗြောင်ဗြောင်တင်းတင်းကူးချတဲ့အဆင့်ကနေ မလုံမလဲနဲ့ ကူးချတဲ့အဆင့်ကိုပြောင်းသွားတယ်။

သူ ကူးတယ် ကူးတယ် တစ်ခုခုနားမလည်တာမျိုးကြုံလာပြီဆိုလျှင်တော့ ခုလိုမျိုးမေးတတ်တယ်။
“ချဲယ်ကော ဒီအပုဒ်က ဘာလို့ Cကိုရွေးတာလဲ?”

“Cကအရှည်ဆုံးမို့လို့”
  
“......”
ကျန်းခဲ့မှာ အံ့သြလွန်း၍ ဆွံ့အသွားသည်။
“ချဲယ်ကော၊ လက်စသတ်တော့ ချဲယ်ကောလည်း ကျွန်တော့်လိုပဲ ခန့်မှန်းဖြေတာလား? တကယ်ကို ထင်မထားခဲ့ဘူး”

ဒီမေးခွန်းပုစ္ဆာအတွက် ရင်းချဲယ်ရဲ့ ဖြေဆိုနည်းက အမှန်ပင် ရမ်းသန်းခန့်မှန်းခဲ့တာဖြစ်သည်။

ပုံမှန်အားဖြင့် ပုစ္ဆာတွေရဲ့ခက်ခဲမှုအတိုင်းအတာပေါ်မူတည်ပြီး သူရွေးဖြေဆိုတာဖြစ်သည်၊ ဒါ့ကြောင့် multiple choiceတွေမှာ သူ့ရဲ့ဖြေဆိုနည်းက အရမ်းပြောင်းလွယ်ပြင်လွယ်ရှိသည်။ တစ်တန်းလုံးထဲမှာမှ ထိုအပုဒ်ကို ဖြေဆိုနိုင်မည့်သူ လေးငါးယောက်လောက်ပဲရှိနိုင်တာမို့ သူ့ရဲ့ခါတိုင်းပုံစံအတိုင်းဆို ဒါဟာ သူမှန်မှန်ကန်ကန်ဖြေနိုင်သင့်တဲ့ မေးခွန်းမျိုးမဟုတ်။

သူ့လုပ်ဟန်ကို ကျန့်ယောင် အကြမ်းဖျင်းသဘောပေါက်လိုက်သည်။ စာအုပ်ကိုဆွဲယူလိုက်ကာ တစ်ချက်ကြည့်လိုက်ပြီး :
“အော် ဒီမေးခွန်း၊ ငါရတယ်၊ ငါရှင်းပြမယ်”

သူ့စကားကြားရင်ပဲ ကျန်းခဲ့မှာ ပိုလို့ရှော့ခ်ရသွားသည်။
“ဒီလိုပုစ္ဆာတွေလည်း ရတာပဲလား? ယောင်ကော အဆင့်တွေကိုလည်း ဟန်ဆောင်ထားတာတော့ မဖြစ်နိုင်ဘူးမလား ဟင်?”

Pay Attention To Me [Myanmar Translation]Where stories live. Discover now