Chapter- 100

9.2K 1.3K 140
                                    

ရင်းချယ် အသိပြန်ဝင်လာပြီး အပူချိန်ကလည်း ထိုးတက်လာတယ်။
"ကျွန်တော် နေလို့ သိပ်မကောင်းလို့....ဆေးခန်းလိုက်ပို့ပေးလို့ ရမလား?"

"အိုခေ၊ မင်းလမ်းပြ"
တစ်ဖက်လူက သူ့လက်မောင်းကို ကိုင်ကာ ပခုံးပေါ်တင်လို့ တွဲခေါ်တယ်။ ပြီးကျမှ သူ့ကို တစ်ချက်ပြန်ကြည့်ကာ
"heatဖြစ်နေတာလား?"

"ဟင့်အင်း မဟုတ်ဘူး...ဒါမယ့် သိပ်မကြာလောက်တော့ဘူး"

"မင်းရဲ့ alphaကရော? omega ရဲ့ heatဖြစ်ခါနီး ဒီလိုအချိန်က အထိအခိုက်မခံဆုံးပဲ၊ ဘာကိစ္စ သူက မင်းအနားရှိမနေတာလဲ?"

"သူက......ကျွန်တော် ဒီမှာမှန်းမသိဘူး"

"What the heck"
တစ်ဖက်လူက မျက်မှောင်ကြုတ်တယ်။
"ကိုယ့် omegaကိုယ်တောင် ကောင်းကောင်းမကာကွယ်နိုင်ပဲနဲ့ ဒီလို alphaမျိုးက ဘာသုံးစားရမှာလဲ၊ လမ်းခွဲပလိုက်"

"....."

"ဒါနဲ့ မင်းကိုအထဲမှာ လော့ချခဲ့တာ ဘယ်သူလဲ မင်းသိလား?"

ရင်းချယ် အမှန်တိုင်းပဲ ပြောပြလိုက်တယ်။
"သိလောက်မှာပါ....ဒါပေမယ့် မသေချာဘူး"

"မသေချာလည်း အရင်ဖော်ထုတ်၊ ညှာမနေနဲ့ ပေါ်တင်သာ ထုတ်ပြောပစ်လိုက် ဒါမှ မှတ်မှာ"

"......"
ဒီနည်းလမ်းက တကယ် ရိုးရှင်းပြီး ရက်စက်တဲ့နည်း။

"ဒီမှာ ကောင်လေး omegaဆိုတာ စိတ်ပျော့နေလို့မရဘူး၊ မဟုတ်ရင် မင်းအနိုင်ကျင့်ခံရလိမ့်မယ်"
ထိုသူက နှာခေါင်းရှုံ့ကာ
"မင်းရဲ့နူးညံ့တဲ့ တစ်ဖက်ခြမ်းကို မင်းကိုချစ်တဲ့လူအတွက်ပဲထား၊ တခြားလူတွေက မထိုက်တန်ဘူး"

ရင်းချယ် : "ဥပမာ....ခင်ဗျားရဲ့ alphaလိုမျိုးလား?"

ထိုစကားကြားတော့ တစ်ဖက်လူရဲ့ ခက်ထန်တင်းမာနေတဲ့ မျက်ဝန်းတွေက ရုတ်ခြည်း နူးညံ့သွားတယ်။
"ဟုတ်တယ်၊ ငါ့ရဲ့ alphaလိုမျိုး"

သို့ပေမယ့် ထိုသူက ချက်ချင်းဆိုသလို မျက်မှောင်ထပ်ကြုတ်လာပြီး
"မင်းကောင်လေးလို alphaမျိုးဆိုရင်တော့ မလိုဘူး"

ရင်းချယ် : "......"

တစ်ဖက်လူက သူ့ကိုတွဲရင်း ရှေ့ဆက်လျှောက်တယ်။ သူ့ပုံစံက တည်ငြိမ်နေပြီး အေးစက်စွာ မေးလာတယ်။
"တခြားတစ်ယောက်ဆိုရင်ရော?"

Pay Attention To Me [Myanmar Translation]Donde viven las historias. Descúbrelo ahora