E xtra 1 : Graduation trip (1)

7.7K 957 11
                                    

ဇွန်လနှောင်းပိုင်း

Dong Chengရဲ့ ကမ်းရိုးတန်းဒေသတွေမှာ တိုင်ဖွန်းအသေးစားလေးတစ်ခု ဝင်ရောက်ခဲ့ပြီး ကောင်းကင်ယံမှာ တိမ်စိုင်တိမ်လိပ်တွေနဲ့အတူ ပင်လယ်ပြင်ဟာလည်း လှိုင်းများအလိပ်လိပ်တက်ကာ ညမှာတော့ မိုးကြီးလေးကြီးချတော့တယ်။ နောက်တစ်နေ့မနက် နေထွက်လာချိန်တွင်တော့ အပူချိန်က ပုံမှန်အတိုင်း ပြန်ထိုးတက်လာတာတွေ့ရတယ်။

ရင်းအိမ်တော် ဥယျာဉ်ခြံအတွင်းမှာလည်း နှင်းဆီပင်တွေဟာ မနေ့ညမိုးပြင်းလေပြင်းနဲ့တိုင်ဖွန်းရဲ့ကျေးဇူးကြောင့် ကျိုးကြေပျက်စီးကုန်ပြီး လက်ရှိမှာတော့ အဲ့တာတွေကို အစေခံတွေက ရှင်းလင်းနေကြတယ်။

ရင်းချယ်တစ်ယောက် ပြတင်းပေါက်ဘောင်ကို မှီရင်း တိတ်တဆိတ် လှမ်းကြည့်နေတယ်၊ သူက တခါတခါလည်း ဖုန်းထဲက မက်ဆေ့ကို ပြန်ပြန်ကြည့်နေသေးတယ်။
....

တက္ကသိုလ်ဝင်တန်းစာမေးပွဲအပြီး နွေရာသီကျောင်းပိတ်တော့ သူ့မှာ ရုတ်တရက်ကြီး လုပ်စရာဘာမှမရှိဖြစ်သွားတယ်။ ခါတိုင်းကျင့်သားရနေတဲ့ ကျောင်းဖိအားတွေကနေ လွတ်နေတာ တစ်လတောင်ရှိတော့မယ်၊ ခုလိုဟာတိဟာတာကြီးကို သူမနေနိုင်။ အတန်းထဲအတက်ကြွဆုံးကျန်းခဲ့ကတော့ ခုရက်ပိုင်း groupထဲမှာ ခနတိုင်းပြောနေတာ : [graduation tripသွားကြမယ်!]ဆိုပြီး၊ အသံသွင်းပြီး ဖွင့်ထားတဲ့ စပီကာလိုပဲ သူက ထပ်ခါထပ်ခါ။

စာမေးပွဲမတိုင်ခင်တုန်းကတော့ စာမေးပွဲပြီးရင်သွားကြမယ်ဆိုပြီး Class 1က ကျောင်းသားတွေအကုန် တိုင်ပင်ထားကြတာပဲ၊ စိတ်မကောင်းစရာက ဘယ်အရာမှ စီစဥ်ထားတဲ့အတိုင်းဖြစ်မလာပါဘူး။ စာမေးပွဲလည်းပြီးရော တချို့က မိသားစုနဲ့ ခရီးထွက်ကြတယ်၊ တချို့ကကျ မဖြေနိုင်လို့ အပြင်မထွက်ချင်ကြ၊ အကြောင်းပြချက်ပေါင်းစုံနဲ့ အကြိမ်ကြိမ်အထမမြောက်ခဲ့၊ အခုဆို တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတွေကတောင် အဖြေထွက်တော့မယ် သူတို့က အခုထိဘယ်သွားရမယ်ဆိုတာ မဆုံးဖြတ်ရသေးဘူး။

[ကမ်းခြေမဟုတ်ရင် ပြီးတာပဲ၊ မနှစ်ကဆို ငါ့မယ် နှစ်ဆလောက်နေလောင်ပြီး မဲသွားတာ၊ နည်းနည်းလောက် ပြန်ဖြူလာဖို့အရေးကို မနည်းပဲ]
ဟန်မုန့်က ပြောတယ်။

Pay Attention To Me [Myanmar Translation]Where stories live. Discover now